etoneSeptember 3, 20101min984
၁။ မင်းမရှိသောပြည်၊ အမှုမရှိသောတရား၊ စကားမတတ်သောရှေ့နေ၊ မပြေပြစ်သောသံတမန်၊ ကျမ်းဂန်မတတ်သောရဟန်း၊ တိုင်တန်းသူမရှိသော ကြွေးရှင်ယောကျာ်းကဲ့သို့အမှားမှား အယွင်းယွင်း လစ်ဟင်းရာသည်။ ၂။ အဘမရှိ အမိမဲ့သား၊ လင်မဲ့သည့်မိန်းမ၊ မယားမဲ့သည့် ယောက်ျား၊ အရှင်မဲ့သည့်ကျွန်၊ တံခွန်မဲ့သည့်ရထားကဲ့သို့ စီးပွားမတွင်၊ပြင်လွင်စကားသာဖြစ်ရာသည်။ ၃။ ဖွဲပုံ၌နှက်သောတံသင်း၊မြင်းကျောက်ကုန်း၌တင်သော ဖရုံသီး၊ သူကြီးမအုပ်သောငယ်သား၊ အထိန်းမထားသောချည်ခင်ကဲ့သို့ အရှည်မမြဲ ဘောက်လွဲရာသည်။ ၄။ အဘရှိ အမိမဲ့သည့်သား၊ ချွန်းဖျားမအုပ်သောဆင်၊ မျဉ်းမတင်သောလွှ၊ တက်မရှိသောလှေ၊ရှေ့နေခုံမအုပ်သောတရား၊ အနားစုတ်ပြတ်သော ယပ်ပုဆိုး၊ ဆက်ကြိုးမရှိသောမြင်း၊ ကန်သင်းမရှိသောလယ်၊ကြိမ်နွယ်လျှော်မရှိသောကြမ်းကဲ့သို့ ပရမ်းပတာရှိရာသည်။ ၅။ဆားမရှိသောဟင်း၊ အရင်းမရှိသောကုန်၊အမှုန်အနည်များသောရေ၊ လူလေပေါသောရွာ၊သဒါ္ဓတရားမရှိသောသူ၊ အလှူပေးလျက်သီလပျက်သောအမျိုး၊ ပိုင်စိုးပါငြား တရားမတတ်သောသူကြီးကဲ့သို့ဟူးရီးဟူးရား၊စကားမလေး၊ ဂွမ်းမွေးပမာပေါ့ရာသည်။ ၆။ပဲသွန်ကြက်ပြေး၊သဲထဲရေပေါက်၊ပေါက်ထဲရေဝင်၊ ဆင်တွင်ယင်နားဆိုသကဲ့သို့ အရာမထင်လွင်စကားသာဖြစ်ရာသည်။ ၇။ယုန်တောင်ပြေး၊ခွေးမြောက်ကိုလိုက်၊ပိုက်တန်းသူကအရှေ့ ဝှေ့ခြောက်သူကအနောက် ဆိုသကဲ့သို့ ခုံယူတခြား တရားတထွေ၊ ဆင်ခြေလိမ်လည်၊ အမှုသည်ပြောင်းပြန် ရှိဟန်ဆိုမိသည်။ […]