alinsettMarch 3, 20154min20510
Maera သို့. . . ”ကိုယ့်မှာတမ်း” ~~~~~~~~~~~~~~~~~~~~~~ maera ရေ . . . တွယ်ရစ် ပတ်ငင်တတ်ပါသော ချစ်ခြင်းတွေနဲ့. . . အင်္ဂ ါစုံစွာ ငါတွေ့ချင်လှပါရဲ့ … ငါ့ကို ငါပေါ့ကွယ်. . . ကမ႓ာဦးတုန်းက ရင်ခုန်စရာအသံတစ်ခုအလား… အရှိန်အဟုန်ခပ်ပြင်းပြင်းနဲ့  အပြေးအလွှားပါပဲ. . . ငါ လာခဲ့တယ် maera. . . ခန်းခြောက်သွားတဲ့ပင်လယ်ပြင်များ. . . ကြွေကျသွားတဲ့သစ်ရွက်များနဲ့ ပြီးဆုံးတိတ်ဆိတ် အိပ်မောကျသောသံစဉ်များ… ဒီထက်မကသေးပါဘူး maera… စကားလုံးတွေ ကျပျောက်သွားတဲ့… ကဗျာအပုဒ်များစွာကိုလည်း ငါ့ဇာတာထဲမှာ ရှာတွေ့ခဲ့လေရဲ့… maera ရေ. . ငါလိုချင်ခဲ့ဖူးတဲ့ အနှစ်အသားရှိခြင်းတွေအစား ငါမလိုချင်တဲ့ အပေါ်ယံအလွှာများပဲ. […]