အမှားတစ်ထောင်နှင့် အရက် လူတွေအရက်သောက်ကြသည်  လူတွေ  ဆိုသည်ထက်ကျုပ်တို့ မြန်မာပြည်တွင် ယောကျားလေးများအများစု အရက်သောက်ကြသည် ထိုသို့သောက်ကြရာတွင်  လူငယ်ဘဝတွင်ကား အရက်ကို စမ်းသပ်သည့်သဘောဖြင့် သောက်ကြသည် စတင်သောက်စဉ်က မဝံရဲသော်လည်း ရှေ့ှမှအရင်သောက်နှင့်သူ သဘာရင့် အပေါင်းအသင်း၏  ရဲရဲသောက်အံမခန်း သောက်သုံးပြမှုကြောင့် မိမိကိုယ်ကိုယ် သရဲကောင်းသဖွယ် ထိုသူရှေတွင် ဝံကြွားနိုင်စေရန်လည်ကောင်း ထို အပေါင်းအသင်းတို့၏ အထင်သေးသော အကြည့်တို့ဖြင့်ကြည့်ခြင်းနှင့် လှောင်ပြောင်ခြင်းအဖြစ်မှ ကင်းလွတ်ရန်  ကြိတ်မှိတ်သောက်ပြတတ်ကြသည်။။။။။ ကျွန်နုပ်အရက်စတင်သောက်သုံးစဉ်က ထိုသို့မဟုတ်  မည်သူ့ရှေတွင်မှ ဝံကြွားရန်သော်လည်းကောင်း မြှောက်ပင့်ပေးသူ၏ အထင်ကြီးစေရန်လည်းကောင်း စမ်းသပ်သောက်သုံးရန်အတွက်လည်းကောင်း သောက်သုံး ခဲ့သည်ကားမဟုတ်ချေတကား ထိုအရက်အားသောက်ချင်လို့ကို် ကိုယ်တိုင်ကိုယ်ကျဝယ်ယူသောက်သုံးခဲံခြင်းဖြစ်လေသည်  ။။ထို့ကြောင့် ကျွန်နုပ်သည် မကောင်းမှုလုုပ်ရာတွင် မည်သူမျှမြောက်ပင့် ပေးရန်မလိုပဲ လုပ်ဆောင်တတ်ကြောင်းပေါ်လွင်လှပေသည်။ ထိုစဉ်ကအရက်မသောက်တတ်သေးသဖြင့် အရက်၏ အနံကိုကားမခံမနိုင်ဖြစ်၏ အရသာကား ခါးံတူး ချဉ်စုတ်လှပေသည် ထိုပြင်မျိုချလိုက်လျှင်ကားလည်ချောင်းတစ်လျှောက် […]