နွယ်ပင်January 26, 20121min18310
နေပြည်တော်ကအပြန်ဝယ်လာတဲ့ မျှစ်ချဉ်ထုပ်လေးကိုမြင်တော့ ဝက်သားနဲ့မျှစ်ချဉ်ချက်စားမယ်ဆိုပြီး စဉ်းစားလိုက်မိတယ် ဒါပင်မယ့် အလုပ်က သူငယ်ချင်းတွေကလည်း စားချင်တယ်ဆိုတော့ အားလုံးလည်းစားလို့ရအောင်ဆိုပြီး ဝက်သားအစား ငါးနဲ့ ချက်မယ်ဆိုပြီး ငါးကြင်းသားမျှစ်ချဉ်ဟင်းလေး ချက်ဖြစ်ပါတယ် .နွယ်ပင်က နေပြည်တော်က မျှစ်ချဉ်ဆို ပန်ဒါတံဆိပ် မျှစ်ချဉ်ကိုကြိုက်တယ် ။ အခုလည်း ဒီတံဆိပ်ပဲ ဝယ်လာဖြစ်ပါတယ် ။ မျှစ်ချဉ်ချက်မယ်ဆိုရင် မျှစ်ချဉ်ကို သင့်သလို တုံးပြီး ရေတစ်ထပ် ဆေးပါတယ် ။ပြီးတော့ မျှစ်ကို အိုးထဲတည့်ပြီးပြုတ်ပါတယ် ။ပန်ဒါ မျှစ်ချဉ်ကနုတော့ သိပ်ကြာကြာတော့ မပြုတ်ရပါဘူး ဒီအတိုင်းချက်ရင်တောင် ရပင်မယ့် မျှစ်ချဉ်အနံ့နံမှာဆိုးတာနဲ့ ပြုတ်တော့ ပြုတ်လိုက်ပါသေးတယ် ။ ငါးကြင်းသားကို ဆား၊ အချိုမှုန့်၊ နည်းနည်းနဲ့ နယ်ပြီးနောက် ကြက်သွန်ဖြူ၊ နီ၊ ဂျင်း ထောင်းပါ ပြီးတော့ ဆီအိုးတင်၊ ဆီပူရင် […]