20130210_102247-450x800.jpg

ညတုန်းက မန်းဂွဇွတ် (ခွက်ဒစ်တူ ကိုရှုံးလူ) ဖွင့်တော့ အလက်ဇင်းရဲ့ ပို့စ်ကလေးမှာ မုဆိုးကျော်ကြီး ဆရာဂီ မန့်သွားတာဖတ်ရပါတယ်။ ဒါနဲ့ ၁၉၈၄ နဲ့ပတ်သက်ပြီး အတွေးလမ်းကြောင်းလေး ( way of thought ) လေး ဖောက်ပေးမှ ဆိုပြီး ပို့စ်တစ်ပုဒ်တင်ဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးရတယ်။ ဒါပေမယ့် ကိုပေါက်ရဲ့ နာဒယ်ကွာ ပို့စ်ကို ဖတ်အပြီးမှာ၊ ဘဖောရဲ့ အတိုအထွာ ကိုဖတ်အပြီးမှာ လူက မလှုပ်နိုင်တော့အောင် ဖြစ်ခဲ့ရတယ်။ သတင်းတွေ ဖတ်နေရ၊ စိတ်ထဲသိနေရပေမယ့် အခုလို ဒဲ့ကြီး ပြောထည့်လိုက်တော့ လူက ဘယ်လိုဖြစ်သွားမှန်းမသိဘူး။ ဘာမှ ဆက်မဖတ်နိုင်တော့ဘူး။ ဘာမှ မလုပ်နိုင်တော့ဘူး။ ဘဖောက ဓာတ်ပုံလေးတွေ တင်ထားတာ အထာကလေးနဲ့။ ရိုးရိုးတင်ထားတာ မဟုတ်ဘူးနော်။ ဟိုအရင်တုန်းကလို […]