ဘုန်းတော်ကြီးကျောင်းဆီက အုန်းမောင်းခေါက်သံတွေတောင် ကြားနေရပြီ။ အခန်းထဲတဝိုက် မြူးနေတဲ့ ကြွက်တွေရဲ့ ခြေသံကလည်း တဖြည်းဖြည်းနဲ့ နားစည်ကို ရိုက်ခတ်နေရဲ့။   ညတုန်းက မက်ခဲ့တဲ့ အိပ်မက်ကလည်း အလင်းရောင်နဲ့အတူ အဖော်လိုက်သွားလေရဲ့။   ဟော..ပြောရင် ဆိုရင် သံဃာတော်တွေတောင် ကြွလာနေပြီ။ နေ့သစ်တစ်နေ့ကို ဖြတ်သန်းဖို့ ဘူတာရုံက ရထားကလည်း အသင့်။