snow whiteAugust 11, 20121min24916
ဘာလိုလိုနဲ့နှစ်တစ်နှစ်ကုန်ဖို့သိပ်မလိုတော့ဘူးနော်  နှစ်တစ်နှစ်ကုန်တိုင်းကုန်တို်င်း  ကိုယ်ဘာများတိုးတက်လာလည်း  လူမှုရေးစီးပွားရေးပညာရေး အစုံစုံဘာများတိုးတက်လာသလည်းကိုယ့်ကိုယ်ကိုယ့်ပြန်လည်စမ်းစစ်ကြည့်ချင်မိတယ် စမ်းစစ်လိုက်တိုင်းလည်းတစ်နှစ်ကုန်တိုင်းသိသာလာတာတော့ အသက်ကတစ်နှစ်ကြီးလာတာပါပဲ။ ကိုယ်ကဘာမှမတက်သေးသမျှတော့ ဘယ်အရာရာလုပ်လုပ် အောင်မြင်မှာလည်းမဟုတ်ဘူးဆိုတော့ နှစ်တစ်နှစ်ကုန်တိုင်း ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိတာကတော့ ငါလေ့လာသင်ယူစရာများသေးတယ် ။ ဗဟုသုတနည်းသေးတယ် အပြင်ဗဟုသုတ ရသ အစုံလေ့လာသင်ယူရမယ် ။  အတက်ပညာ  အစုံစုံ တက်သိနားလည်ထားလျှင်  ကောင်းတာပေါ့နော် ။ ကိုယ့်ကတော့ တက်ထားပြီးသူများကျတော့ မပြောပြချင် မတက်စေချင်လို့လည်း မရဘူးလေ စနိုးကတော့ စနိုးတက်ထားတဲ့တက်သိထားတဲ့ပညာတွေကို  မတက်သေးမသိသေးတဲ့  သူတွေကို ပြန်လည်ဝေမျှ ပေးချင်တဲ့စိတ်စနိုးမှာအပြည့်ရှိတယ်။ စနိုး လူမှုရေးအနေနဲ့လည်းစနိုးလုပ်ချင်တာလေး တွေရှိတယ်  အောင်မြင်တာမအောင်မြင်တာ ကတော့ နောက်ပိုင်းကိစ္စပေါ့နော် စနိုးစိတ်ထဲအမြဲ ထည့်ထားတယ် ငါတစ်နေ့ ငါ့လက်ထဲမှာ စီးပွားဥစ္စာပေါလာတဲ့တစ်နေ့ ပညာဒါန  မရှိဆင်းရဲသားတွေကို အလှူဒါနပြုချင်တယ် လိုအပ် တဲ့နေရာမှာလိုအပ်သလို လှူချင်တန်းချင်တယ်။။ စနိုးခုထဲကပြောပြထားမယ်နော် စနိုးပြုလုပ်သမျှ […]