water-melonNovember 29, 20111min30025
မြန်မာနိုင်ငံမှာ hip hop ရေစီးကြောင်းက တစ်ဖြည်းဖြည်းနဲ့ မြင့်တက်လာသလို လူငယ်အဆိုတော်များလည်း များစွာပေါ်ထွန်းလာပါတယ်။ သီချင်းတွေကလည်း မျိုးစုံပလူပျံအောင် ထွက်လာပါတယ်။ ပေါက်တဲ့အခွေတွေရှိသလို မပေါက်တဲ့ အခွေတွေလည်းရှိပါတယ်။ ကျွန်တော်လည်း သီချင်းနားထောင်ရတာ ဝါသနာပါပါတယ်။  စိတ်ညစ်နေတဲ့ချိန် ဝမ်းနည်းနေတဲ့ချိန် မှာ သက်ဆိုင်တဲ့ သီချင်းလေးတွေကို ဖွင့်ပြီး နားထောင်ရတာလဲ feel တစ်မျိုးဗျ။ တစ်ချို့သီချင်းတွေက ရိုင်းသလားလို့ ခံစားမိပါတယ်။ အစ်မတွေ ညီမတွေ အမေတွေကြားမှာ ဆို မဖွင့်ရဲဘူးဗျ။ သိချင်တာက ဘာလို့ sex ဆန်ဆန်သီချင်းစာသားတွေကို ရေးပြီးထည့်ကြတာလဲ။ အဲဒီစာသားတွေထည့်မှ ကောင်းတယ် မိုက်တယ် လူငယ်တွေ ကြိုက်မယ်လို့ ထင်နေကြသလားမသိကြဘူး။ ကျွန်တော် သိသလောက် မကြိုက်မိသော စာသားများကို ပြောပြလိုက်ပါတယ်။ နောက်ထပ်ရှိရင်လဲ ပြောပြကြပါအုန်း။ “ပြောနေရင်းနဲ့ စကားတွေကလည်းချော် ကောင်မလေးအနားဘဲ […]