ဂ်စ္စူNovember 12, 20101min610
မလေးရှားတွင် မြန်မာမိန်းကလေးတဦး အသတ်ခံရခြင်းဆိုပြီး နေ ့သစ်မှ ကျနော်ကူးယူဖော်ပြထားတဲ ့ပို ့စ်လေးနဲ ့ပတ်သတ်ပြီး နောက်ဆက်တွဲလေးကို နေ ့သစ် သတင်းကပဲ ပြန်လည် ဖော်ပြအပ်ပါသည်ခင်ဗျား.။စတုန်းကစပြီး ပြန်လည်အဆုံးသတ်ပေးဖို ့တာဝန်ရှိတဲ့အတွက်ဖြစ်ပါတယ်။သတင်းဖော်ပြပေးတဲ ့ နေ ့သစ်မှ မောင်ပါလ လဲ တိုင်ပတ်နေတယ်ထင်ပါတယ်။ဖုန်းနံပတ်ပါ ထည့်ပေးထားတာကိုး..။သူ ့ဖုန်းဆက်ပြီး လာလာမေးနေကြတော့ အလုပ်ရှုပ်တာပေါ့လေ။ရတနာပုံမှ အာစရိများလဲ နားလည်ခွင့်လွတ်ပေးတော်မူကြပါလို ့.။ ဖြေရှင်းချက်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ မလေးရှားတွင်မြန်မာမိန်းကလေးတဦးအသတ်ခံရခြင်း ခေါင်းစဉ်နှင့် စာရေးသူပို့စ်တပုဒ်တင်ခဲ့ပါသည်။ ပို့စ်တင်ရာတွင်လည်း forward mail မှ ရရှိခဲ့ပါသည်ဟု ထည့်သွင်းရေးသားပေးခဲ့ပါသည်။ မတရားသည့်ကိစ္စတခုကို ခံရသည့်ဖက်မှ တတ်နိုင်သလောက် လိုက်ပါကူညီပေးချင်သည့်ဆန္ဒကြောင့် စာရေးသူ၏ဖုန်းနံပါတ်ကိုပါ ဆက်သွယ်နိုင်ရန် ထည့်ပေးခဲ့ပါသည်။ မြန်မာအမျိုးသမီးတဦး မတရားအသတ်ခံရသည်ကို သိရသည့် စာဖတ်သူများ၏ ဖုန်းဆက်မေးမြန်းမှုများမှာ ယခုအချိန်ထိရှိနေဆဲဖြစ်ပြီး ပို့စ်တွင်ပါဝင်သည့် […]