” အတာကူးသောလ… ထန်းခူးသောလ… တန်ခူးလရယ်လို့ သတ်မှတ်စမှုပြုကြရတဲ့နွေလမှာ… မဟာသင်္ကြန်ရေသဘင်ပွဲသဘင်ကို ဆင်ယင်ကျင်းပခဲ့ကြတာဟာဖြင့် ပုဂံခေတ်ကစတင်ခဲ့တယ်လို့ …………” အဆိုတော်ဒေါ်တင်တင်မြရဲ့ သင်္ကြန်မိုးရုပ်ရှင်အဖွင့်စကားလေးဟာ မြန်မာ့သင်္ကြန်ရောက်တိုင်း နားထဲပြန်ကြားယောင်တတ်တဲ့… စကားလေးပါပဲ….                       ” မြူးကြွတဲ့တေးသံပျံ့လွှင့်လို့နေ… ကူးပြောင်းစတန်ခူးနွေမှာ… တစ်ယောက်တစ်လှည့်မို့မလှမ်းသာဖျန်းပက်ကြစဉ်… ပိတောက်ဖူးလေးတွေ ပန်ဆင်ထားသူရေ… ခေါင်းကလေးမော့လို့… ပိတောက်ဖူးလေးတွေ… ပန်ဆင်ထားသူရေ….” သင်္ကြန်မိုးဆိုတဲ့သီချင်းဟာလဲ ၁၉၈ဝပြည့်နှစ်တွေတုန်းက လူငယ်ဖြစ်ခဲ့တဲ့ အဉ္စလီကိုမောင်မောင်တို့ရဲ့လက်ရာသီချင်းဟာ မြန်မာသင်္ကြန်ရဲ့ အထိန်းအမှတ်သီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်… ပြန်စဉ်းစားကြည့်လိုက်တိုင်း ခေတ်အဆက်ဆက်ရဲ့ သင်္ကြန်အပေါ်ခံစားချက်ပြောင်းလဲလာမှုတွေပါ….                   မြန်မာ့တစ်နှစ့်ဟောင်းလို့… မြန်မာ့နှစ်သစ်ကိုပြောင်းတော့မယ့် အခါသမယမှာ… […]