ကျွန်တော်တို့ရဲ့ အလှူက ဧရာဝတီ သတင်းဂျာနယ်ထဲမှာ ပါလာတယ်ဗျ .. ဝမ်းသာဖို့ကောင်းပါ့ဗျာ .. သိပြီးသားလူတွေလည်းရှိ မှာပါ .. မသိသေးတဲ့လူတွေအတွက် တင်ပေးလိုက်တာပါ .. ခင်တဲ့ ချစ်ရင်ထူး အဲဒါထက် ကျွန်တော်တို့ရဲ့ ဓါတ်ပုံပြပွဲက ဒီနေ့ နောက်ဆုံးနော် .. မပို့ရသေးတဲ့ ဆရာများ မေ့နေမှာစိုးလို့ပါ ..


kaiJanuary 3, 20101min3524
မန္တလေးဂေဇက် ထွက်နေပါပြီ။ အဲဒါ အယ်လ်အေမှာနေတဲ့သူတွေ နီးစပ်ရာ မြန်မာဆိုင်တွေမှာ သွားယူနိုင်ကြပါပြီလို ့..။ ဇန်နဝါရိ ၁ရက် ၂၀၁ဝ မှာထွက်တာဖြစ်ပါတယ်။ ဆန်ဖရန်ကိုလည်း မှီသလောက် တင်လိုက်ပါပြီလို ့။ နယူးယောက်နဲ့ တခြားမြို ့တွေလည်း စာတိုက်တွေဖွင့်တာနဲ့ ပို ့လိုက်ပါမယ်လို ့.။ ပီဒီအက်ဖ်နဲ့လည်း အမြန်ဆုံးတင်ပေးပါမယ်..။ ဒီလမှာ ထူးထူးခြားခြား ဆရာကြီးမောင်သာရရဲ့ ရသဝတ္ထုလတ် တပုဒ်ပါပါတယ်။ “မေမေကြီးကြီး ” ပါတဲ့။ မောင်သာရ ရသစာပေလက်ရာ မဖတ်ရတာကြာနေပြီဖြစ်တဲ့သူတွေအတွက် ဝက်ဆိုက်မှာပါတင်ပေးပါ့မယ်။ နှစ်သစ်ရွှင်လန်းချမ်းမြေ့ ကြစေသတည်း..။