YE YINT THUFebruary 17, 20121min755
စိန်သော့ရဲ  ့သတင်းလေးကိုဖတ်ရလို ့သိထားသမျှ ဝေငှလိုက်တယ်ဗျာ။ ဒီခေတ်က ငွေများတရားနိုင်တဲ့ခေတ်လေ။ ဒါပေမယ့် ဒီဖြစ်စဉ်မှာ သဘာဝမကျတာက နှစ်ဖက်စလုံးရဲ  ့အချင်းဖြစ် ယာဉ်တွေကို အမှုမပြီးမချင်း ရဲစခန်းမှာ ယာဉ်ထိန်းက သိမ်းဆည်း ထိန်းသိမ်း ထားရမှာပါ။ အမှားအမှန်ကို သက်ဆိုင်ရာတရားရုံးကသာ အဆုံးအဖြတ်ပေးရမှာဖြစ်ပါတယ်။ ဒါပေမယ့် တိုက်တဲ့ ယာဉ်ကို ဥပဒေလက်တလုံးခြား လွှတ်ပေးထား တာကတော့  “ ဥပဒေ  အထက်မှာမည်သူမျှမရှိစေရ ” ဆိုတဲ့ စကားက မြန်မာပြည်မှာ အခုလောလောဆယ် အသက်မဝင်သေးပါဘူး လို ့မီးမောင်းထိုးပြနေသလိုပါဘဲ။ ဒါပေမယ့် ဒို ့မြန်မာလူမျိုးဆိုတာ မဟုတ်တာလုပ်ရင်နဲနဲမှ ခေါင်းငုံ ့ခံတတ်တဲ့လူစားမျိုးတွေ မဟုတ်ဘူး။ ဒို ့ဘိုးဘွားဘီဘင်အဆက်ဆက်ကမျိုးစေ့ချပေးခဲ့တာဘဲ။ သက်ဆိုင်တဲ့လူကြီးတွေသိအောင်နည်းလမ်းတကျတိုင် သင့်တယ် ။ သိခဲ့ရင်လဲ ဒီလိုမလျော်ကန်တဲ့ ကိစ္စမျိုးကို လက်ပိုက်ကြည့်နေတဲ့ခေတ်မဟုတ်တော့ ပါဘူး။ […]