ဂ်စ္စူDecember 9, 20103min1065
မန္တလေးနန်းတွင်းရှိ မန္တလေးတိုင်းမှူးဗိုလ်မှူးချုပ်ရဲအောင် နေအိမ် ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ “ဝါယာရှော့ခ်ဖြစ်ပြီး လောင်တာလို့ မီးသတ်က ပြောပါတယ်။ မီးသတ်ကားတွေကို ဥဩမဆွဲဖို့ အမိန့်ပေးထားတယ်လို့လည်း သိရတယ်” ဟု မန္တလေးမြို့ခံတဦးက ပြောသည်။ မီးလောင်ကျွမ်းမှုကြောင့် နေအိမ်အပေါ်ထပ် တခုလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၊ လောင်ကျွမ်းချိန်တွင် မန္တလေးတိုင်းမှူး ဗိုလ်မှူးချုပ်ရဲအောင် မရှိခဲ့ကြောင်း သိရသည်။ မန္တလေးမြို့ခံက“တိုင်းမှူးက မေမြို့ဗိုလ်သင်တန်းဆင်းပွဲလာမယ့် ဗိုလ်ချုပ်မှူးကြီးကို သွားကြိုနေတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးလည်း နန်းတွင်းမှာ တည်းဖို့ အစီအစဉ်ရှိတယ်။ အခုဟာ သူမရောက်သေးခင် လောင်တာပေါ့”ဟု ဆက်လက် ပြောဆိုသည်။ အဆိုပါ မီးလောင်ကျွမ်းမှုနှင့်စပ်လျဉ်း၍ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မပြုပေ။ Source:Irrawaddy’s Bloghttp://www.irrawaddyblog.com/2010/12/blog-post_6507.html