Diamond KeyJanuary 15, 20122min66043
ကျွန်တော် ရွာထဲရောက်ကတည်းက ရွာသူရွာသားတွေနဲ့ တစ်ဦးနဲ့တစ်ဦး ဗဟုသုတတွေ ဖလှယ်၊ ရင်းနှီးမှုတွေ ဖြစ်နေကြပေမယ့် အပြင်မှာတော့ မတွေ့ဖြစ်ခဲ့သေးပါ။ လူခြင်းသာ မတွေ့ဖူးကြပေမယ့် ရွာထဲမှာတော့ ညီအကို မောင်နှမတွေ ဖြစ်ကာ စာသံယောဇဉ်တွေ၊ ဖုန်းနဲ့တော့ ရင်းနှီးနေကြပါတယ်။ တစ်နေ့က ကိုပေါက် (မန္တလေး) က ရွှေတို်က်စိုး ရန်ကုန်က ရောက်နေတုန်း အားလုံး ဒီနေ့ တွေ့ဖြစ်အောင် ဖုန်းတစ်လုံးနဲ့ စီစဉ်တော့ ကျွန်တော်က မဖြစ်ဖြစ်အောင်လာမယ်လို့ ပြောလိုက်ပါတယ်။ ရွာထဲက ညီအကို မောင်နှမတွေ တွေ့ရမှာ ဆိုတော့ မဖြစ်ဖြစ်အောင်သွားမယ်ပေါ့။ ဒါနဲ့ ကိုပေါက်ကို ဘယ်မှာ ဆုံမလဲ မေးလိုက်တော့ မန္တလေး၊ ကန်တော်ကြီးနားက ရှမ်းကလေးကျွန်းရွာထိပ်နားတဲ့။ အမယ်…ကိုပေါက် ရွှေးမှတော့ နေရာလေးက ဓါတ်ပုံသမား အကြိုက်နေရာလေးဗျ။ ဆုံဖို့ ချိန်းထားတဲ့ […]