DaveAugust 13, 20121min991
မန ္တလေး ကိုင်းတန်းညဈေးကို မူလတည်နေရာ ၂၉လမ်းနှင့်လမ်း၃ဝကြား၊ ၈၄လမ်းနှင့် ၈၅လမ်းကြားမှ ၄၁လမ်းနှင့်ကမ်းနားလမ်းထောင့်ရှိ မန ္တလေးစည်ပင်သာယာရေးကော်မတီက အသစ်စီစဉ်ပေးသော တည်နေရာအသစ်သို့ အတေင်းအကြပ်ပြောင်းရွှေ့စေရာမှ မပြောင်းရွှေ့လိုသူများစုစည်းကာ ဇူလိုင်(၃၀)၊ ဩဂုတ်(၁)နှင့် ဩဂုတ်(၂)ရက်နေ့တို့တွင် မူလဈေးနေရာ၌ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသည်။ ဩဂုတ်(၈)ရက် ညပိုင်းတွင် ထိုနေရာ၌ပင် စုဝေးပြီး လူအင်အား(၃၀၀)ကျော်ခန့်ဖြင့် မြို့တော်ဝန်ရုံးစိုက်ရာ ၂၆လမ်းနှင့် လမ်း၇ဝ ထောင့်ရှိ မန ္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးအထိ စည်တန်းလှည့်လည်ကာ ထိုရုံး၏ အဝင်ပေါက်ရှေ့၌ ဆက်လက်ဆန္ဒပြကြသည်။ မြို့တော်ဝန်က ဖမ်းခိုင်းတာလား ထိုသို့ဆန္ဒပြနေသောလူအုပ်ကြီးကိုဦးဆောင်သည့် ခေါင်းဆောင်များကို မန ္တလေးမြို့တော်ဝန် ဦးအောင်မောင်းက လုံခြုံရေးအတွက် ရဲများခြံရံလျက် လက်ခံ တွေ့ဆုံသည်။ ဆွေးနွေးဖြေရှင်းပေး ခြင်းမဟုတ်သော ယင်းတွေ့ဆုံမှုအပြီး မိနစ် (၃၀) ခန့်အကြာတွင် ဆန္ဒပြမှုဦးဆောင်ခဲ့သူများထဲမှ သုံးဦးကို ရဲက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ […]