Phaung PhaungJune 23, 20121min32524
ဇွန်လ(19)ရက်နေ့ကရခိုင်ပြည်နယ်မှာ ပြုလုပ်တဲ့အစည်းအဝေးမှာ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဒု ဝန်ကြီး ဘုန်းဆွေက အစိုးရ အနေဖြင့် ယခု ရခိုင်အရေးတွင် ဒိုင်လူကြီး လုပ်မည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။ ထိုသို့ပြောကြားလိုက်ခြင်းမှာ အစိုုးရအဖွဲ့ဝင် ဝန်ကြီး တစ်ဦး အနေဖြင့် မပြောသင့် မပြောထိုက်သော စကားဖြစ်ပြီး တာဝန်မဲ့ရာ ကျလွန်းသည်ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ လွှတ်တော်ကိုယ်စား လှယ် တစ်ဦးက ပြောသည်။ ၎င်းပြင် အစည်းအဝေးတွင်လည်း ရခိုင်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးရွှေထွန်းအောင်မှ အစိုးရ အနေဖြင့် ဒိုင်လူကြီး မလုပ်ဘဲ ပြည်ထောင်စု အရေးနှင့် အချုပ်အချာ ပိုင်စိုးမူအတွက် အသေအချာ စဉ်းစား လုပ်ဆောင်ရန် လိုအပ်ကြောင်း အကြံပြု ပြောကြားခဲ့သည်ဟု ဆိုသည်။ “ ဦးရွှေထွန်းအောင်က ဘယ်လိုတင်ပြသလဲဆိုရင် […]