CharTooLanOctober 14, 20103min1184
အမေရိကန်နိုင်ငံက Jessica Cox ဟာမွေးကတည်းက လက်နှစ်ဖက်လုံး မပါရှိခဲ့ပါဘူး။ ဒီလို မွေးရပါ ဒုက္ခတ တစ်ယောက်ဖြစ်သော်ညားလဲ စိတ်ပညာဖြင့် ဘွဲ့ရထားတဲ့သူမဟာ စာရေးခြင်း၊ စာရိုက်ခြင်း၊ ကားမောင်းခြင်း၊ ခေါင်းလျှော်ခြင်း နှင့် ဖုန်းပြောခြင်းတို့ကို သူမရဲ့ ခြေထောက်ဖြင့် အကုန်ပြုလုပ်နိုင်ပါတယ်။ Cox ဟာ အကမယ်ဟောင်း တစ်ယောက်ဖြစ်သလို တိုက်ကွမ်ဒိုအားကစား မှာလဲ ခါးပတ် အနက်ရရှိထားသူဖြစ်ပါတယ်။ သူကိုတော့ ယာဉ်မောင်းလိုင်စင်ပေးဖို့ အတွက်တော့ ကန့်သတ်ခြင်း ခံရပါတယ်။ သူဟာ လေယာဉ်ကိုမောင်းနိုင်သလို စာရိုက်တဲ့အခါမှာ တစ်မိနစ်ကို ၂၅ လုံး အထိမြန်အောင်ရိုက်နိုင်သူ ဖြစ်ပါတယ်။ သူမောင်းတဲ့လေယာဉ်အမျိုးအစားကတော့ Ercoupe လို့ခေါ်ပြီး ခြေနင်မပါရှိတဲ့ လေယာဉ်မျိုးဖြစ်ပါတယ်။ လေယာဉ်ဝဲယာထိန်းပဲ့တက်ပြား ခြေနင်းမပါသော်လည်း Jessica Cox ကတော့ ခြေထောက်နဲ့ လက်ကိုင်ကို ထိန်းပါတယ်။ […]