etoneOctober 12, 20101min1609
ယခုအောက်တိုဘာလဆန်းမှစပြီး မန္တလေးမြို့မှ ယာဉ်မောင်းလိုက်စင်လျှောက်ထားသူများအား ကားမောင်ကျွမ်းကျင်မှုကို ကွန်ပျူတာနဲ့ပါ စစ်ဆေးတော့မှာဖြစ်ပါတယ် ။ simulator စနစ်လို့အမည်ပေးထားပြီး အောင်ရှုံးရလဒ်ကိုတော့ ချက်ချင်းသိရှိနိုင်မယ်လို့ ကြော်ငြာထားပါတယ် ။ ဖြေဆိုမည့်သူသည် စနစ်ကိုအစသုံးပြုပြီး ကွန်ပျူတာနဲ့မောင်းနှင်ရမှာဖြစ်ပြီး ဖြေဆိုမှုကြသင့်ငွေကိုတော့ သတ်မှတ်ခြင်းမပြုနိုင်သေးပါဘူး ။ ရန်ကုန်မြို့နှင့် နေပြည်တော်တွင်လည်း အဆိုပါ စနစ်ကို စတင်ကျင့်သုံးနေကြောင်းသိရပါတယ်။