Ma EiMay 28, 20152min24312
အိမ်မှာ ယုဇနပန်းတွေပွင့်နေတယ်… အပင်ကြီးတစ်ပင် အသေးတစ်ပင် ပွင့်လိုက်တာ တစ်ခြံလုံး မွှေးနေတာပါဘဲ… ပန်းရနံ့လေးတွေနဲ့ အတူအိပ်ရင်း ငယ်က ရူးခဲ့ရတဲ့ သီချင်းလေးသတိရခဲ့တယ်…. ဓာတ်ပုံရိုက်ထားတဲ့ ပန်းကလေးတွေကြည့်ရင်း … သီချင်းလေး နားထောင်ရင်း (ဖတ်) ရအောင် တင်ပေးလိုက်တယ်နော်… ယုဇနပင် နဲ့ ဖဲကြိုးဝါ မင်းမင်းလတ် အိမ်ပြန်လတပေါင်းနဲ့ ချစ်စရာ့နွေ ကြွေရွက်တွေ ဝဲလို့ ဝေ့လည်နေကြတယ် ကိုယ်ပေးခဲ့သော စာရရင် ဘယ်လိုဖြေမယ် ကိုယ်မသိဘူး ချစ်လိမ့်မယ်… အို မချစ်ဘူး… ဒီလိုမေးခဲ့တယ်… … ဒီလိုမေးခဲ့တယ် ယုဇနပင် ပန်းတွေကြားမှာ သိစရာ အဖြေရှိမယ်.. ကိုယ့်အချစ်ကို မပြစ်ရင် ဖဲကြိုးအဝါလေးကို …ပန်းတွေကြားမှာ တွေ့မယ် ကိုယ်မျှော်လင့်ခဲ့ရတယ်.. အဝါရောင် ဖဲကြိုးလေး တွေ့များမတွေ့ရင် ကိုယ်ရင်နာနေမယ်… တွေ့ပါ့မလားကွယ် ဖဲကြိုးအဝါကို […]