cobraSeptember 3, 20131min21510
ယမန်နေ့ညက ပျင်းလို့တိုက်အောက်မှာထိုင်နေတုန်း ဟိန္ဒူကုလားမတစ်ယောက်ကို ရဲသားတစ်ယောက်က မတော်မတရား လုပ်သွားတာမြင်လိုက်ရတယ်…………………..ဂယ်ပြောတာပါ…..ဂယ်ကြီးလုပ်သွားတာ………. ဖြစ်ပုံက………….ဒီလို………….. အဲ့အန်တီကုလားမ ရှင်းရှင်းပြောရရင်တော့လမ်းဘေး ဓာတ်ဆီသည်ပေါ့လေ ဓာတ်ဆီတစ်ဗူးကို မြန်မာငွေ၁၃၀ဝကျပ်နဲ ့ရောင်းပါတယ်  အရင်တုန်းကလဲ ပြည့်သူရဲတွေလာဝယ်နေတာတွေ ့ရတယ် ပုံမှန်ဈေးနဲ့ဝယ်တယ်ပဲထင်နေတာ အမှန်တော့ကျွန်တော်ထင်တာမဟုတ်ဘူး ၂ရစ်နဲ ့ရဲတစ်ယောက် ဆိုင်ကယ်စီးလာပြီး ဆီလာဝယ်တယ် “ကုလားမ ဆီတစ်ဗူးပေးစမ်းတဲ့” သူ့ကြည့်တော့အသက်ကဘယ်လောက်မှမရှိသေးဘူး သူ့အမေ အရွယ်လောက်ကို ခေါ်တာကမိုက်မိုက်ရိုင်းရိုင်း ပြီးတော့လည်း ပိုက်ဆံပေးတာက ၁၀၀ဝ တဲ့ ကျွန်တော်လည်းမနေနိုင်မထိုင်နိုင် သွားမေးလိုက်တော့ သူတို့ကိုက အရင်းတိုင်းပေးရတယ်ဆိုပဲ……. တယ်လည်းမိုက်တဲ့ ယူနီဖောင်းပါလား…………….. သိပ်မကြာခင်အချိန်မှာပဲ နောက်ရဲသားတစ်ယောက်ထပ်ရောက်လာတယ် အရပ်ဝတ်နဲ ့တစ်ယောက်ပါတယ် သူလည်းထုံးစံအတိုင်းပေါ့ ဆီတစ်ဗူးထည့်ပေးဆိုပြီးပြောတယ် ပြီးတော့ သကောင့်သားက ပိုက်ဆံမပေးဘူးဗျာ………. ဒီနေ့ယာဉ်စစ်ရှိတယ်တဲ့ အဲ့ကိုသွားမလို့ဆိုပြီးပြောတယ် ဘာဆိုင်လို့လဲ သူ့ဟာသူ တာဝန်ရှိလို့သွားစစ်တာပဲ ဓာတ်ဆီအလကားထည့်တာနဲ ့ဘာဆိုဘာမှမဆိုင်ပါဘူး အဲ့ဒါတင်မကသေးဘူး […]