winkyawaungAugust 28, 20101min1518
မြန်မာပြည်သူလူထု၏ ယနေ့ပြဿနာ ညက မန္တလေးရတနာပုံနေပြည်တော်နေ့စဉ်သတင်းစာ ခေါ် https://myanmargazette.net ကျေးဇူးကြောင့် မြန်မာပြည်က စစ်ခေါင်းဆောင်ကြီးတွေ ရာထူးကထွက်ကုန်ပြီ ဆိုတာသိလိုက်ရပါတယ်။ ဘယ်သူ့ကိုမေးမေး ဝမ်းသာကြမှာပါ။ ဒါပေမဲ့..စစ်ယူနီဖောင်းတွေကိုချွတ်ပြီး လူဝတ်လဲကြမယ်။ အာဏာဆက်လက် ရရှိရေးအတွက် ပြည်သူတွေကို ညစ်ပတ်ပြီး ငါနဲ့ ငါမိသားစု ငါ့အမျိုးတွေ ငါ့တပည့်တွေ ကောင်းစားရေး ချမ်းသာရေးတွေကိုသာ အုပ်စုဖွဲ့ပြီး မတရားမှုတွေနဲ့ ရွေးချယ်ပွဲလုပ်ကြမယ်ဆိုတာကိုလည်း အများအသိပါ။ ကဲဒီလိုဆိုတော့ (ဘယ်သူတရားပျက်ပျက် ကိုယ်တရားမပျက်ပါနှင့်) ဆိုတဲ့စကားပုံအရ ကျွန်တော်တို့ ဘာဆက်လုပ်ကြရမည်လဲ?။ တချို့ကလည်း မဲမပေးပဲ သပိတ်မှောက်ကြပါ။ တချို့ကလည်း မဲပေးချင်တယ်.. ဘယ်သူကို ဘယ်ပါတီကို မဲပေးရမည်လဲ? ။ မနေ့က ကျွန်တော့်ဆီကို ပါတီတစ်ဖွဲ့ က လာကြတယ်။ သူတို့ကဘာပြောသလဲ ဆိုတော့ “ ကိုယ်ရင်တို့ ဟိုပါတီကြီးကတော့ အင်အားသုံးပြီး […]