နွယ်ပင်January 12, 20121min24529
မနေ့က ညနေအလုပ်ဆင်းလို့ အိမ်ပြန်ရောက်တော့ သူငယ်ချင်းတွေရောက်နေကြတယ် စကားတွေပြောရင်း လက်ဖက်သုပ်စားချင်တယ်လို့ တစ်ယောက်ကပြောတော့ ထလုပ်ပေးရင်း နောက်တစ်ယောက်က ဟဲ့ နင်ငါတို့ကို တစ်ခုခု ချက်မကျွေးချင်ဘူးလားလို့ မေးလာလို့ လွယ်လွယ်နဲ့ မြန်မြန် ချက်စားလို့ရအောင် ဘာကျွေးရမလဲ စဉ်းစားနေတုန်း အမေက အိမ်မှာ ငါးရွှေတွေရှိတယ် မုန့်တီချက်ကျွေးလိုက်ပါဆိုလို့ ချက်စားဖြစ်တယ် ။ ရခိုင်မုန့်တီက ငါးရွှေနဲ့ ချက်စားရင် ပိုအရသာရှိတက်လို့ အမေက ဈေးထဲမှာ တစ်ခါတစ်လေမှ တွေ့ရတဲ့ ငါးရွှေကိုတွေ့ရင် ရခိုင်မုန့်တီကြိုက်တက်တဲ့ သူ့သမီးအတွက် ဝယ်လာတက်တယ်လေ ……… ဒီနေ့တော့ သူငယ်ချင်းတွေရောက်နေတာနဲ့ အတော်ပဲဖြစ်သွားတာပေါ့ ….. ရခိုင်မုန့်တီချက်မယ်ဆို ငါးကိုပြုတ်ရင် ဆနွင်းမထည့်ဘဲ ဆား /အချို့မှုန့် တို့အပြင် ငါးပိလေး နည်းနည်းထည့်ပြိး ရေနည်းနည်းနဲ့ ရေခမ်းတဲ့အထိပြုတ်ပေးရပါတယ် ။ ငါးပြုတ်အိုးကျက်ပြီဆိုရင် အိုးတစ်လုံးနဲ့ […]