ကမန် ဟူသည့် ဝေါဟာရမှာ ရှေးရခိုင်ဘုရင်အဆက်ဆက်လက်ထက်ကပင် စတင်ခေါ်ဝေါ်သုံးစွဲခဲ့သည့် ရခိုင့်ဘုရင့်တပ်မတော်မှ သူရဲကောင်း လေးသည်တော်အ ဖွဲ ့၏အမည်နာမတစ်ခုပင်ဖြစ်သည်။ရခိုင် သုတေသီတို ့၏အဆိုအရ လေး၊မြှားအတတ်၌ ကျွမ်းကျင်သူ “လေးသည်တော်(ဝါ)လေးတော်ပစ်”ဟူ၍အဓိပ္ပာယ်ရ၏။            ပညာရေးဝန်ကြီးဌာစတုတ္ထနှစ်မြန်မာစာအထူးပြု သင်ရိုးအမှတ် မ-၄၁၂၊ရခိုင် မင်းသမီးဧချင်း ပို ့ချချက်အပိုဒ် ၃၃တွင်တွင်လည်း ကမန်ဆိုသည်မှာ လေးပတတ်ကျွမ်း ကျင်သော စစ်သည်တော်ကိုခေါ်သည်။ရခိုင်တပ်မတော်တွင်လည်း လေးသည်တော် တပ်ပါရှိရာ ၎င်းတပ်တွင်. အမှုထမ်းသူများအား ကမန်ဟုခေါ်သည် ဟုဖော်ပြထား၏။         ကမန် ဆိုသည်မှာ ယခင်ကလူမျိုးတစ်မျိုး၏ အမည်မဟုတ်ဘဲ ရခိုင်ဘုရင့်လေး တပ်မတော် ၏အမည်တစ်ခုသာဖြစ်ပြီး ရခိုင်မင်းနေပြည်တော် ပြိုကွဲပျက်သုဉ်းပြီး နောက် […]