ကို သာAugust 6, 20121min963
ရခိုင်ပြည်နယ်အခြေအနေနှင့် ပတ်သက်၍ မြန်မာအစိုးရက ရဲဝံ့ ပြတ်သားစွာကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိပါက အခြေအနေပိုမိုဆိုးရွား သွားစေနိုင်ကြောင်း မြန်မာအစိုးရ၏ ဖိတ်ကြား ချက်အရ မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာ လာရောက်လေ့ လာခဲ့သည့် မြန်မာနိုင်ငံလူ့အခွင့် အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ သောမတ်စ်အိုဂျေးကွင်တားနားက ဩဂုတ် ၄ ရက် ည ၆ နာရီ ၄၅ မိ နစ်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင် ရာလေဆိပ်၌ကျင်းပသည့် သတင်း စာ ရှင်းလင်းပွဲတွင်ပြောကြားသည်။ “ရခိုင်ပြည်နယ်အတွင်းရှိ လူမှု အဖွဲ့အစည်းနှစ်ခုကြားမှာ နက်ရှိုင်း စွာအမြစ်တွယ်နေတဲ့ မယုံကြည်မှု တွေရှိနေတာကို ကျွန်တော်အလွန် စိုးရိမ်ပူပန်မိပါတယ်။ အစိုးရက ရဲဝံ့ တဲ့ခြေလှမ်းတွေ ချမှတ်ဆောင်ရွက် နိုင်ခြင်းမရှိရင် အခြေအနေကို ပို မိုဆိုးရွားသွားစေနိုင်ပါတယ်”ဟု မစ္စတာကွင်တားနားကသုံးသပ်သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲ တွင် မစ္စတာကွင်တားနားသည် ရခိုင်ပြည်နယ်ခရီးစဉ်၊ […]