manawphyulayAugust 10, 20101min692
အမေသည် သားသမီးများအတွက် မီးရှူးတစ်ဆောင်သာ ဖြစ်ပါသည်။ အမေမရှိလျှင် သားသမီးလည်း မရှိနိုင်ပေ။ အမေသည်သာ သားသမီးများအတွက် ရှေ့ဆောင်လမ်းပြ မိခင်ဖြစ်ပါသည်။ ကိုးလလွယ် ဆယ်လဖွားစဉ်အခါကတည်းက အမေသည် ပျော်တစ်ပြုံးပြုံး။ “ဝါး… အူဝဲ“ ဟူသော အသံသည် သေမင်းနှင့် စစ်ခင်းနေသော အမေ့မျက်နှာအား အပြုံးရိပ်သမ်းသွားသည်။ မပီကလာ ပီကလာနှင့် “အမေ“ ဟု စခေါ်လိုက်သော သားသမီးရဲ့အသံ ကြားကြားချင်း တအံ့တဩပြုံးလိုက်သူမှာ အမေဖြစ်သည်။ သားသမီးက အမေ့နို့ကို စို့ရိုတင်မဟုတ်၊ သူ့သွားဖုံးလေးနဲ့ ဒါမှမဟုတ် သူ့သွားလေးတွေနဲ့ နာနာကျင်ကျင်ကိုက်နေတာကို အမေက ပြုံးပြုံးကြီးလုပ်ပြီး ပီတိဖြစ်နေတတ်သည်။ သူ့သားသမီး ငုတ်တုတ်စထိုင်တဲ့နေ့၊ လေးဘက်သွားတဲ့နေ့၊ မက်ရပ်စမ်းရပ်တဲ့နေ့၊ လမ်းလျှောက်တဲ့နေ့တွေမှာ အမေ့မျက်နှာပေါ်က အမေ့အပြုံးကို ဘယ်ပန်းချီမှ ရေးလို့ မမီနိုင်ပါ။ သူ့သားသမီး ဝလုံးလေး စရေးပြတတ်တာကို […]

manawphyulayAugust 10, 20101min550
နေလုံးက ဟန်မဆောင်တတ်တဲ့ ငါ့ရဲ့ ဆံကေသာပေါ်ဖြန့်ချလို့ ငါကတော့ ငါ့ဖဝါး ငါ့အရိပ် ငါ့နယ်နမိတ်နဲ့ ငါကိုယ်တိုင် လမ်းဖွဲ့လျှောက်ပေါ့။ နားလည်မှုနဲ့ ဝေးကွာခဲ့တဲ့ ငါ့ရဲ့အဖြစ်ကို ညီမလေးနှင်း နားလည်ပေးပါလို့ မတောင်းဆိုရဲပါဘူး။ ငါ့ကိုယ်ငါတောင် နားလည်မှုဆိုတဲ့ စကားလုံးကို ဝေခွဲမရစွာနဲ့ နားလည်နိုင်အောင် ကြိုးစားနေဆဲ ညီမလေးနှင်းပို့လိုက်တဲ့ မေးလ်ရောက်ခဲ့ ဘယ်နေရာရောက်ရောက် နားလည်မှုဆိုတဲ့စကားသံ ပဲ့တင်ထပ်အောင် ကြားစမြဲ ခုတော့ ညီမလေးနှင်း မေးတဲ့ မေးခွန်းတစ်ခု ”အမရဲ့ညီမလေးနှင်းအပေါ်ထားတဲ့ နားလည်မှုက ဘာလဲတဲ့” ငါ့ရဲ့နားလည်မှုကို ဘယ်လိုပြောရပါ့… အမှန်တော့ ငါဟာ နားလည်မှု မရှိတဲ့သူတစ်ယောက်ပါ…. ငါ ငါ့အတ္တကို အမြဲရှေ့တန်းတင်ခဲ့ ငါဟာ နားလည်မှုနဲ့ မထိုက်တန်တဲ့သူတစ်ယောက်… ငါဟာ ငါ့ကိုယ်ကျိုးပဲ ကြည့်တတ်တဲ့ အတ္တကြီးသူတစ်ယောက်ပါ ညီမလေးနှင်းရယ်… ပစ်ထားခဲ့ပါတယ်ဆိုတဲ့ ညီမလေးနှင်းရဲ့ စွပ်စွဲချက်တွေဟာ […]

manawphyulayAugust 2, 20101min692
အချစ်တစ်ခုဟာ ဟက်ဒစ်လို အသုံးဝင်ခဲ့ရင် အကောင်းသား တစ်ခါမကောင်း တစ်ခါ ဖောင်းမတ်ရိုက်လို့ရရင် အချစ်အဟောင်းဆိုတာလည်း ဘယ်ရှိလာတော့မှာလဲ လူငယ်တွေ ကွဲကြ နောက်တစ်ယောက်ပြောင်းကြဆိုတဲ့ မြင်သမျှ တွေ့သမျှအရာ နေရာတိုင်းမှာ အဝေးက ငေးကြည့်ရုံနဲ့ စိတ်ညစ်ရ…. ငါသာ ဟတ်ဝဲသမားတစ်ယောက်ဆိုရင် အခမဲ့ ကူညီချင်မိပါရဲ့…. အချစ်ဆိုတာ ကိုယ်လိုချင်သလို ပုံသွင်းမရဘူးဆိုတာ ခုတော့ ငါ စဉ်းစားမိပြီ… ကွန်ပျူတာလောက်တောင် အသုံးမဝင်တဲ့အရာကို ငါလေ ဝေးဝေးကပဲ ရှောင်တော့မယ်…

manawphyulayAugust 2, 20101min741
လက်ရှိအခြေအနေမှာ မပျော်မွေ့နိုင်သူအတွက် တစ်ယောက်တည်းပဲနေနေ အများနဲ့ပဲနေနေ အမြဲတမ်းအထီးကျန်နေပါတယ် မရှိတာကို တောင့်တနေတဲ့သူ ရှိတာကို မကျေနပ်နိုင်တဲ့သူဟာ မရေမရာ အတွေးတွေ မသေမချာ မျှော်လင့်ချက်တွေနဲ့ ထာဝရ အထီးကျန်နေမှာပါဘဲ။

manawphyulayAugust 2, 20101min540
အေးချမ်းတည်ငြိမ်နေတဲ့ ကျွန်မတို့ရဲ့ဝန်းကျင်မှာ ရှင်ဟာ ရှင့်ရဲ့အရိုင်းအစိုင်းဒေါသတွေနဲ့အတူ ရောက်ရှိလာခဲ့တယ်နော်… ရှင့်မို့ လုပ်ရက်တယ် နာဂစ်ရယ် သစ်ပင်ပန်းမန်တွေနဲ့ စည်ကားနေတဲ့ ကျွန်မတို့နေရာကို လိုက်လံနှောင့်ယှက်ခဲ့တယ်နော်။ နာဂစ်ဆိုတဲ့ လေမုန်တိုင်း လေမုန်တိုင်းကို ဟန့်တားထားတဲ့ တင့်တောင့်တင့်တယ် နေထိုင်မှု ကန့်လန့်ကာကို ရှင် ဆုတ်ဖြဲပစ်လိုက်တယ် မယုံကြည်နိုင်ခဲ့ဘူး။ အခုတော့… စည်းစနစ်ကျနမှုနံရံ ပြိုလဲ့ခဲ့ရပြီ။ ကြောက်လန့်ဖို့ကောင်းတဲ့ အဆောက်အဦရဲ့ အယိုအယွင်းတွေပေါ်မှာ ကျီးအတွေ အာလို့ မြင်မကောင်းတဲ့ မြင်ကွင်းတွေနဲ့အတူ ရှင် ဖန်တီးခဲ့တယ်။ ရှင့်ကြောင့် အပြစ်မဲ့သူတွေ သေကြေခဲ့ကြတာ ခုတော့… အများသူငါ လေတိုက်မှာတောင် ကြောက်နေကြတဲ့ဘဝမျိုးရောက်အောင် ဖန်တီးခဲ့တဲ့ ရှင့်ကို အပြစ်ဖို့လို့နေရုံမှတစ်ပါး အခြားမရှိတော့ပြီပေါ့… ဝန်းကျင်တကာမှာ အပိုင်းပိုင်း အပြတ်ပြတ်နဲ့ သစ်ပင်တွေ ပြိုလဲနေပြီး အိမ်တွေ ပျက်စီးနေတဲ့ မြင်ကွင်းမျိုးကို ကျွန်မရှေ့မှာ ဘောင်ခတ်ပစ်ချင်ပြီ […]

manawphyulayJuly 28, 20101min911
ကျက်စာတွေ မင်းမကျက်ပါလ ကျက်ပါလဲ ညပ်စွာမရပါဟု ခက်ပါလှ တပည့်ရယ် “ဆရာ စိတ်မောပါဘိ ငေါက်သောအခါ မျက်ရည်လည်မိ အော်ခံရတော့ မျက်ရည်ကျရဲ့ မင်း ဘာကြောင့် ညံ့ရတယ်” ဆရာ မေးပြန်တော့ တပည့်ကလေး အဖြေ ထွက်လာတာ “နံနက်ဆို စောစောထရ အလုပ်သွားဖို့ ပြင်ဆင်ရနှင့် ကျောင်းတက်ရက်ရောက်ပြန်တော့ အချိန်ပိုင်းအလုပ်ပြေးရ အလုပ်ရှုပ်လို့ စာမကျက်သာတယ် ခက်ပါတယ် ဆရာရဲ့ ဝမ်းစာအရေး” တဲ့။

manawphyulayJuly 16, 20101min823
အဆင်မပြေမှုတွေ များနေတဲ့ ဘဝမှာ ဘယ်အရာမှ ငါ အလိုမကျခဲ့ တိုးတက်နေတဲ့ ခေတ်ကြီးမှာ ငါကကော ဘာမို့လို့လဲ ကိုယ့်ဘဝကို အားငယ်မိပေမဲ့ ကိုယ့်ဘာသာပဲ အားပေးနေခဲ့ ဒီလိုဘဝမျိုးကို ငါတစ်ယောက်တည်း ရရှိနေတာ မဟုတ်ဘူး တဖြည်းဖြည်းနဲ့ စိတ်ဓာတ်က အဝီစိထိကျဆင်းနေခဲ့ ကိုယ့်ခြေထောက်ပေါ် မတ်မတ်ရပ်ရင်း ခြေသလုံးတွေ တောင့်တင်းနေခဲ့ လှဲကျလို့ ပြန်ထရင်တောင် ကူမယ့်သူမရှိ တစ်ခါတလေ မျက်ရည်ကျမိပေမဲ့ ထပ်ကျဖို့တောင် မျက်ရည်လက်ကျန်မရှိတဲ့ဘဝ ဪ… ဘဝ ဘဝလို့တောင် မအော်နိုင်တဲ့ ငါ့ရဲ့အဖြစ် စိတ်ပျက်စရာ လူတချို့နဲ့ တွေ့ကြုံခဲ့ရ မပြုံးတတ်ဘဲ ပြုံးလိုက်ကြ မရယ်တတ်ဘဲ ရယ်လိုက်ကြ ဘဝမှာ ဖြစ်ချင်ခဲ့တာတွေ များသလောက် ဘာတစ်ခုမှ ပေါက်မြောက်အောင် မဖြစ်တဲ့ ငါ့ဘဝ ကိုယ်ရှိလို့သာ ဘဝဆိုတာ ရှိနေမှန်း ဖြေသိမ့်ခဲ့ရ […]

manawphyulayJuly 16, 20101min720