manawphyulayAugust 29, 20101min410
ယိုင်နဲ့နဲ့ ခြေလှမ်းနဲ့ စည်းချက်မမှန်တဲ့ နှလုံးခုန်သံတွေနဲ့အတူ ဘဝတွေထဲလျှောက်မိတဲ့အခါ ပတ်ထားတဲ့ လက်ပတ်နာရီတောင် ရပ်တန့်နေပါပေါ့…. သက်ပြင်းတွေအခါခါချ ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်မိတဲ့အခါ ပြုံးပြနေတဲ့ ဝန်းကျင်တစ်ခုလုံးက ငါ့ကို လှောင်ပြုံး ပြုံးနေတာလား… အားပေးနှစ်သိမ့်ပြုံးတွေလား… မရေရာ ဝေခွဲခက်စွာနဲ့ အပြုံးတု အပြုံးစစ်ဆိုတာ ဘာတွေနဲ့တိုင်းတာမိပါလိမ့် ကြမ်းတမ်းခက်ထန် ဘဝလှိုင်းဒဏ်ကြား အလူးအလဲခံရင်း ချော်လဲပြန်ထ အခါခါပြုခဲ့ ငါ့ရခဲ့တဲ့ ဒဏ်ရာ အမာရွတ်များတောင် ဖြစ်နေခဲ့ပေါ့….. မသက်သာ ဒီဘဝမှာဖြင့် ဟန်ဆောင် မချိပြုံး အခါခါပြုံးရင်း လောကကြီးထဲ လမ်းဆက်လျှောက်ဆဲ တစ်ခါတလေ စဉ်းစားမိခဲ့ လေဒဏ်မိုးဒဏ်ခံနိုင်တဲ့ ဝါးပင်ဖြစ်ရရင် ကောင်းမလား ဒါမှမဟုတ် ထုသားပေသားကျနေတဲ့ ကျောက်ငရုတ်ဆုံဖြစ်ရရင်ကော ဪ ဘာပဲဖြစ်ဖြစ် လူဟာ လူပဲ သဘာဝတရားက သူ့အလိုလိုဖန်တီးခဲ့ ဘယ်အရာမဆို ကြံ့ကြံ့ခံ ခုခံရင်း […]


manawphyulayAugust 12, 20101min693
ကိုယ်ပိုင်ဆိုင်ခွင့်မရှိသေးတဲ့ အိမ်ကလေးတစ်လုံးရယ် အိမ်ကလေးထဲမှာ ဖေဖေရယ်၊ မေမေရယ်၊ ကျွန်မရယ်၊ မောင်နှမတွေရယ် ဖြစ်သလို လုပ်ယူရတဲ့ ကျေနပ်နှစ်သိမ့်မှုအချို့ရယ် မဖြစ်လာသေးပေမယ့် စိတ်ကူးနဲ့ ပုံဖော်ယူမိတဲ့ အရှေ့ညလေးရယ် လက်မဆုံဖြစ်ကြတဲ့ မိသားစုထမင်းဝိုင်းလေးရယ် ဆယ်ပေအခန်းကျဉ်းလေးတောင် မပိုင်ဆိုင်နိုင်သေးတဲ့ဘဝလေးရယ် မိဘတွေရဲ့ ပေးစွမ်းနိုင်တဲ့ လုံခြုံတဲ့ မေတ္တာနွေးနွေးထွေးထွေးလေးရယ် တစ်ခါတစ်ရံ ညည်းတွားတတ်တဲ့ မေမေရဲ့ညည်းတွားသံလေးရယ် ဝန်းကျင်အနွမ်းရဲ့ ဆင်ခြေဖုံးထဲက အလုပ်သွားလမ်းကလေးရယ် မျှော်လင့်ခြင်းတွေကို ဝေခြမ်းထားတဲ့ အိပ်မက်ဆန်းဆန်းတွေရယ် ငြီးငွေ့မှုတွေကို အစားမထိုးနိုင်သေးတဲ့ ပစ္စုပ္ပန်အဟောင်းတွေရယ် ချို့ငဲ့မှုတွေကို ကြွယ်ဝစွာ အုပ်မိုးပေးထားတဲ့ မေတ္တာတရားတွေရယ် စိတ်ကျမှုဖြစ်လာတိုင်း အိပ်မက်ထဲမှာ အမြဲရောက်ရောက်လာတတ်တဲ့ အိပ်မက်သခင်ရယ် အရာအားလုံးဟာ လောကထောင့်ကျဉ်းထဲက အိမ်ကလေးတစ်လုံးထဲမှာ စုပြုံရောက်ရှိနေခဲ့တာဟာ လောကရဲ့ ကံတရားတွေပါ ကံဇာတ်ဆရာရဲ့ စေခိုင်းရာအတိုင်း လူးလွန့်ကခုန်ရင်း အိမ်ကလေးထဲက ခရီးသည်များ သံသရာရဲ့မွန်းကျပ်မှုမှ လွတ်မြောက်ကြပါစေသား……