manawphyulayJune 26, 20151min927
ပန်းပုဆရာဘဝ လက်ကြမ်းပါလည်း ရုပ်မှာ ချောစေချင်မိသည်… ပန်းပဲဆရာဘဝ အိုမင်းနေပါလည်း ဓားမှာ ထက်စေချင်မိသည်… အုတ်ဖုတ်သမားဘဝ မီးပျော့နေငြားလည်း ကိုယ်ဖုတ်သော အုတ် ခံ့ညားခိုင်ခံ့စေချင်သည်… ကျောက်သွေးသမားဘဝ အနေစုတ်သော်လည်း စိန်ကောင်း ကျောက်ကောင်း တစ်ပွင့် ထွက်စေချင်မိသည်… လက်ဦးဆရာမည်ထိုက်စွာဖြင့် မိဘမှာလည်း ရင်မှာ ဖွားမည့် သမီးလေးအား ကြီးမားမေတ္တာ ဂရုဏာဖြင့် လိုရာပုံသွင်း ပျော့ဖယောင်းသို့ ထွန်းလင်းတောက်ပြောင် မြင်ချင်မိသည့် ရင်တွင်း မိခင်စကားပါတည်း….


NovyFebruary 1, 20121min24223
ငရဲမှာ အပ ဝဋ်မှာ အမြဲတဲ့ ငရဲဆိုတာတော့ သေလွန်ပြီးမှ ကျရောက်တက်သလို ကုသိုလ်ကောင်းမှု့တွေ ပြုလိုက်ရင်လည်း ပပျောက်တယ်တယ်လို့ သိထားခဲ့ပါတယ် ဒါပေမဲ့ ဝဋ် ဆိုတာတော့ ဒီဘဝဒီခန်ဓါနဲ့ မဖြစ်မနေ ဆက်ရတဲ့ အရာလို့ ပြောချင်ပါတယ် အခုရေးတဲ့ အဖြစ်အပျက်လေးက တကယ် ခံစားဖြစ်ပျက်ခဲ့တာမို့လို့ပါ   ညောင်း…ညောင်း.. သမီးငယ် ….ကြောင်ကို ဘာသွားလုပ်နေလည်း လွတ်ပေးလိုက်နော် ကြောင်းလေးရဲ့ နားလွန်းလို့အော် နေသံတဲ့ အသံနဲ့ အတူ အမေလုပ်သူရဲ့ သမီးကို လှမ်းပြီး အော်တဲ့ အသံတစ်ပြိုင်ထဲ ထွက်ပေါ်လာတယ် ကလေးမလေးက ကြောင်ကိုလွတ်ပေးလိုက်ပြီး တခစ်ခစ်ရယ်နေတယ် သူလုပ်ချင်တာကို လုပ်လိုက်ရလို့လေ ကလေးမလေး လုပ်လိုက်တာကတော့ ကြောင်ဗိုက်ထဲက အူလေးတွေကို အပြင်ကနေကိုင်ရတာ အရမ်းသဘောကျတာပေါ့ ဒါကြောင့်မို့ အမေလစ်ရင် လစ်သလို ကြောင်လေးကို […]