koaungDecember 1, 20121min15312
၇၃နှစ်တဲ့လား ဪနေလို့ရပါသေးပါရဲ့ဗျာလို့ပြောလိုက်ချင်ပါရဲ့ဗျာ အနီ:ကပ်ဆုံးရင်ထဲကစကားတွေကိုအမြဲပြောခွင့်ရခဲ့ပေမဲ့ ဒီတခါအမေကြားခွင့်ရစေချင်ပါရဲ့ ငယ်စဉ်တောင်ကျေးကလေးဘဝကနေလူလားမြောက်အောင်ပျိုးထောင်ပေးခဲ့တာတွေ ပြည့်စုံမှူတွေဝေးကွာနေစဉ်ကခေါင်းချင်းဆိုင် လက်ချင်းယှက်လောကဒဏ်ကိုရင်ဆိုင်ခဲ့တာတွေ တဦးတည်းသောသားတယောက်ကို လူရာဝင်စေဖို့သင်ကြားပေးခဲ့ပုံတွေ ဝင်ငွေ၃၅ဝဆိုတဲ့လခနဲ့ ရာကျော်တန်ပုဆိုးမှဝယ်ပေးခဲ့တာတွေ အရွယ်ရောက်လို့လူလားမြောက်ခဲ့ပြီ:ပြည်ပသွားဖို့စီစဉ်ခဲ့စဉ်က အဆင်ပြေစေဖို့လည်ပင်းကရွှေဆွဲကြိုးရောင်းပြီ: သားဖြစ်သူရဲ့လမ်:ကိုဖြောင့်စေခဲ့တာတွေ သူတိုးသမီ:နဲ့အတူပြန်လာတဲ့သားဖြစ်သူရဲ့အပြန်လမ်:ကိုဝမ်:သာအားရကြိုနေခဲ့တာတွေ သားဖြစ်သူရဲ့ရင်သွေး၂ယောက်ကိုမငြိုမညင်ပြုစုစောက်ရှောက်ခဲ့တာတွေ နှစ်တွေအတော်ကြာမှပြန်လာတတ်တဲ့သားကိုမျှော်နေတတ်တာတွေ သားကြိုက်တတ်တဲ့ငါးဂျီ:ချပ်ခြောက်ကျော်နဲ့သားကိုထမင်းစားစေဖို့မျော်နေတတ်တာတွေ တွေးမိလိုက်တိုင်းမနေ့ကလိုပါဘဲအမေ အမေသွားရမဲ့လမ်:အတိုင်းတနေ့ကျနော်သွားရမှာမုချမလွဲပါအမေ ဒါပေမဲ့အမေရယ ်ဒီဘဝဒီခဏတာမှာ ဆုံရပေမဲ့အမေ့ကျေးဇူ:တွေကြီ:လှပါတယ်ဗျာ ကျနော်ပြောချင်နေတဲ့ဒီစကားတွေ  အောက်စီဂျင်ဘူ:နဲ့အသက်ရှူနေတဲ့အမေကြားနိုင်သိနိုင်စေချင်ပါရဲ့ ရရက်သားသမီ:များအားအစဉ်လေးစားလျှက်         မောင်အောင်     မန်:တလေးဂဇက်သူကြီ: ဦးခိုင်မိခင်ကွယ်လွန်ခြင်းအတွက် အထူးထပ်တူထပ်မျှဝမ်:နည်းကြေကွဲရပါကြောင်း