ကျွန်တော်က အပြင်စီးပွါးရေးလုပ်ငန်းလုပ်ပါတယ် ။ ဝန်ထမ်းတွေကိုလည်း သေသေချာချာ ခန့်ထားပါတယ်။ ကျွန်တော်က စီးပွါးရေးလုပ်သလို လူတိုင်းလူတိုင်းကလည်း သမုဒ္ဒရာဝမ်းတစ်ထွာ အတွက် စီးပွါးရေး ကိုလုပ်ကိုင်ကြရမှာပါ။ ကိုယ်ကိုယ်တိုင် မလုပ်ဘူးဆိုရင်တောင် ကူညီပေးရမှာပါ ။ အဲဒီတော့ နိုင်ငံတော်မှာလည်း စီးပွါးရေးလုပ်ငန်းတွေ အများကြီး ရှိပါတယ်။ဝန်ထမ်းတွေကိုလည်း ရာထူးအဆင့်အလိုက် လစာ အသီးသီး နဲ့ခန့်ထားပါတယ်။ ယေဘုယျ သဘောအရ အတူတူပါပဲ ။ ရသုံးမှန်းခြေငွေစာရင်း ရေးဆွဲရင်တော့ မတူတာများပါတယ်။ အစိုးရက ဒီနှစ်အတွက် ဆိုကြပါစို့ တံတားဆောက်မယ်၊ တံတားအတွက် ကုန်ကျစရိတ် အားလုံးကို တွက်ချက်ပြီးမှ အဲဒီအတွက် လိုအပ်တဲ့ ငွေကို ပြည်သူတွေ ဆီကနေ အခွန် အနေနဲ့ကောက်ခံတာဖြစ်ပြီးတော့ ၊ ကျွန်တော်တို့ကတော့ ဒီနှစ်အတွက် ရရှိတဲ့ အမြတ် ကနေ လုပ်ငန်းအတွက် […]