manawphyulayAugust 10, 20101min560
နေလုံးက ဟန်မဆောင်တတ်တဲ့ ငါ့ရဲ့ ဆံကေသာပေါ်ဖြန့်ချလို့ ငါကတော့ ငါ့ဖဝါး ငါ့အရိပ် ငါ့နယ်နမိတ်နဲ့ ငါကိုယ်တိုင် လမ်းဖွဲ့လျှောက်ပေါ့။ နားလည်မှုနဲ့ ဝေးကွာခဲ့တဲ့ ငါ့ရဲ့အဖြစ်ကို ညီမလေးနှင်း နားလည်ပေးပါလို့ မတောင်းဆိုရဲပါဘူး။ ငါ့ကိုယ်ငါတောင် နားလည်မှုဆိုတဲ့ စကားလုံးကို ဝေခွဲမရစွာနဲ့ နားလည်နိုင်အောင် ကြိုးစားနေဆဲ ညီမလေးနှင်းပို့လိုက်တဲ့ မေးလ်ရောက်ခဲ့ ဘယ်နေရာရောက်ရောက် နားလည်မှုဆိုတဲ့စကားသံ ပဲ့တင်ထပ်အောင် ကြားစမြဲ ခုတော့ ညီမလေးနှင်း မေးတဲ့ မေးခွန်းတစ်ခု ”အမရဲ့ညီမလေးနှင်းအပေါ်ထားတဲ့ နားလည်မှုက ဘာလဲတဲ့” ငါ့ရဲ့နားလည်မှုကို ဘယ်လိုပြောရပါ့… အမှန်တော့ ငါဟာ နားလည်မှု မရှိတဲ့သူတစ်ယောက်ပါ…. ငါ ငါ့အတ္တကို အမြဲရှေ့တန်းတင်ခဲ့ ငါဟာ နားလည်မှုနဲ့ မထိုက်တန်တဲ့သူတစ်ယောက်… ငါဟာ ငါ့ကိုယ်ကျိုးပဲ ကြည့်တတ်တဲ့ အတ္တကြီးသူတစ်ယောက်ပါ ညီမလေးနှင်းရယ်… ပစ်ထားခဲ့ပါတယ်ဆိုတဲ့ ညီမလေးနှင်းရဲ့ စွပ်စွဲချက်တွေဟာ […]


manawphyulayJuly 14, 20101min1022
လူ့အဖွဲ့အစည်းအပေါ် အိုင်တီရဲ့ရိုက်ခတ်မှုဩဇာအရှိန်အဝါက တာသွားလှတယ်။ အိုင်တီရဲ့ ဩဇာဟာ တစ်ဦးချင်း တစ်ယောက်ချင်းကိုလည်း ရိုက်ခတ်တယ်။ မိသားစုအလိုက်၊ လုပ်ငန်း တွေ၊ အလုပ်သမားစွမ်းအားစုတွေ နောက်ပြီးလူ့အဖွဲ့အစည်းကြီးတစ်ရပ်လုံးကိုလည်း ရိုက်ခံတယ်။ ဒါပေမဲ့ အို်င်တီရဲ့ရိုက်ခတ်မှုဩဇာဟာလူတစ်ဦးနှင့် တစ်ဦး အပေါ်ကျတော့ တူညီမှု မရှိပြန်ဘူး။ အင်းပြောရရင် အိုင်တီရဲ့အကျိုးကျေးဇူးရလဒ်က ပညာဉာဏ်အဆင့်မြင့် သူက ပညာဉာဏ်အဆင့်နိမ့်သူထက် ပိုပြီး ခံစားရနိုင်တယ်လေ။ ဒီလိုဘဲ ပညာကွဲခြား သွားတာနဲ့ လူတစ်ဦးချင်းစီရဲ့ ဝင်ငွေအနည်းအများက ကွဲပြားခြားနားသွားစေတာကို တွေ့ရှိ ရတယ်။ သူများ ပြောလို့သာ အိုင်တီရတယ် အိုင်တီဆိုတာ ဘာလဲ။ ဒါဟာ ပြန်စဉ်းစားရမဲ့ အချက်ပဲနော်။ သတင်းအချက်အလက် ဆက်သွယ်ရေးဆိုင်ရာ အဆင့်မြင့်နည်းပညာ(အိုင်တီ) ဆိုသည်မှာ အင်းအလွယ်ဆုံး ပြောရရင် ကွန်ပျူတာစနစ်ကို အသုံးချခြင်းကို ခေါ်ဆိုတာပဲ။ တစ်နည်းပြောရရင် အိုင်တီပေါ်ပေါက်လာတာနဲ့အမျှ လူတွေရဲ့လုပ်ဆောင်ချက်တွေ […]