Foolish GirlJune 22, 20161min21914
#လောကကြီးမှာ နေထိုင်နေတဲ့သူတွေရဲ့ဘဝမှာ များသောအားဖြင့် ရတာမလို လိုတာမရ ၊ ဒါဆို လိုတာမရလို့ ထိုင်ပြီးစိတ်ညစ်နေရမှာလား နိုး မဟုတ်ဘူး ၊ ရတာနဲ့ ဘယ်လိုအကောင်းဆုံးရှေ့ဆက်မလဲဆိုတာတွေးပြီး နေထိုင်သွားရမှာ ၊ တကယ်လို့ လိုချင်တာရခဲ့ရင်လည်း နောက်ထပ်လိုချင်တာတွေကထပ်ထပ်ပြီးပေါ်လာဦးမှာဘဲ ၊ လူဆိုတာ ရလေ လိုလေ အိုတစ္ဆေ ၊ လောဘသားကောင်တွေလေ ဒီတော့လိုချင်တာလေးတစ်ခုမရတာနဲ့ လောကကြီးကိုအရွဲ့တိုက် ထိုင်ပြီးစိတ်ညစ်နေရင် ၊ တကယ်တမ်း ကိုယ်ကနစ်နာနေတာ ဘယ်သူလဲ ကိုယ်ကိုယ်တိုင်ပါပဲ ။ #တခါတလေတော့လည်း နေရိပ်အလာ နေပူကစောင့် ဖို့ကို မစောင့်နိုင်ဘူး ၊ မစောင့်နိုင်လို့ နေရိပ်လိုက်ရှာနေလားဆိုတော့ မရှာဘူး ၊ စောင့်နေရကို မြည်တွန်တောက်တီးနေတတ်ကြတယ်။ နေရိပ်မလာခင် နေပူမှာစောင့်ရင်း ဘာတွေလုပ်လို့ရမလဲဆိုပြီး ရှာဖွေနေသင့်တယ် လသာတုန်းဗိုင်းငင် ဆိုသလို နေပူနေတဲ့အခွင့်အရေးကိုရအောင်ယူတတ်ရမှာ။ #တစ်ချိန်ကချမ်းသာခဲ့တယ် တစ်စုံတစ်ဦးရဲ့ ပယောဂတွေနဲ့ဆင်းရဲသွားတယ်ဆိုပါစို့ ၊ ဘာလုပ်မှာလဲ? ၊ ၁) အဲဒီတစ်စုံတစ်ဦးအပေါ် အငြိုးအတေးတွေထားပြီး ဘဝမှာအခက်အခဲကြုံတိုင်း သူ့ကို ကျိန်ဆဲမယ် ၂) ထင်းခွေမကြုံရေခပ်ကြုံမယ် လို့တွေးပြီးတေးထားမယ် ၃) အဲဒီတစ်စုံတစ်ဦးအပေါ် အငြိုးအတေးတွေထားပြီး […]