Paing LayJune 26, 20141min52611
ကျွန်တော်တို့ မြန်မာ့ လူ့အဖွဲ့အစည်းက မိသားစု နဲ့ဖြစ်ဖြစ် ဆွေမျိုးအသိုင်းအဝိုင်းကြားမှာ ဖြစ်ဖြစ် သူတို့ ထားရာနေစေရာသွား အတိုင်းမရှိရင် သူတို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေရင် အမြဲသုံးနေတဲ့ စကားလုံးရှိပါတယ်။ဒါပေမယ့် သူတို့ပစ်ထားရက်လားဆိုတော့ ပစ်မထားကြပါဘူး။ အဲဒါက ဘာလဲဆိုတော့ “စုန်း ပြူး” တဲ့။ စုန်းပြူးဆိုပြီး အန္တရာယ်ကောင်လို့ပဲ တော်တော်များများက မြင်ကြတယ်ပေါ့။ ဒါပေမယ့် အဲဒီစုန်းပြူးကလည်း မရှိမဖြစ်ဗျ။ တကယ်သိ၊ တကယ်တတ်၊ တကယ်တော်တဲ့ ပညာရှင်တွေလည်း အဲလိုစုန်းပြူးဘဝကနေလာတာပဲ(မိဘအုပ်ထိန်းသူနဲ့လည်း ဆိုင်ပါတယ်)။ ဥပမာ- Sea Games တုန်းက မြန်မာအမျိုးသမီးဘောလုံးအသင်းက မသန်းသန်းထွေးဆို မိဘတွေ ခွင့်မပြုတဲ့ကြားက ဘောလုံးကန်ဖြစ်အောင်ကန်ခဲ့တာမျိုးပေါ့။ အနုပညာနယ်ပယ်ဘက် ရော  စီးပွားရေးနယ်ပယ်ဘက်မှာဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့သူတွေဆိုရင် မိဘတွေ တားမြစ်တဲ့ကြားကနေဖြစ်အောင်လုပ်ခဲ့ကြတယ်။ အခု မန်းဂေဇက်ထဲမှာလည်း ဒီလိုစုန်းပြူးတွေများမယ် လို့ထင်ပါတယ်။ နယ်ပယ်အသီးသီးကလာတဲ့ […]