မြန်မာပြည်မှာနိုင်ငံရေး တိုးတတ်ဖွံ့ဖြိုးမူ့မရှိရတဲ့အကြောင်း များစွာထဲမှာ ပြည်သူတွေရဲ့ နိုင်ငံရေးအသိဟာ သူငယ်နာမစင်သေးတာလဲ ပါ ပါတယ်။ ကလေးစိတ်မကုန်သေးတာပေါ့။ ဒါဆိုမှဒါ။ ပေးဆိုရင်ပေး။ ဒီလိုတကြောင်းစွဲနိုင်ငံရေးအသိတွေ ဖြစ်နေတာပါ။ ဒီလိုသူငယ်နာမစင်အောင်လဲ နှစ်ပေါင်းများစွာ အတွေးအမြင်တွေကို မကြီးထွားလာနိုင်အောင် တိုင်းပြည်အုပ်ချုပ်သူတွေက ဖန်တီးထားလိုက်တာပါ။ အောင်မြင်မူ့လည်းရလိုက်ပုံပေါ်ပါတယ်။ အမျိုးမှအမျိုး ဘာသာမှဘာသာ တွေမျိုး ဒေါ်စုမှဒေါ်စု nld မှ nld တွေမျိုး ကိုယ့်တဖက်တည်းစွဲကိုင်လာကြတယ်။ ဒီလိုစွဲလေ ဖက်တွယ်လေလေ အာဏာရှင်စနစ်က တည်မြဲလေလေဖြစ်နေမှာပါ။ အုပ်စုကြီးနှစ်စုကွဲတော့ မသင့်မမြတ်ဖြစ်တော့ အကွဲကွဲ အလဲလဲ မောပြီဆိုတာနဲ့ ဟိုကအသာလေး ကောက်စားသွားပါလိမ့်မယ်။ အမျိုးဘာသာအုပ်စုက ဘာကိုလုပ်ချင်တာလဲ ရည်ရွယ်ချက်ကဘာလဲ ဘယ်ထိသွားမှာလဲ နိုင်ငံရေးထဲဝင်ပါမယ်ဆိုရင် ထိထိရောက်ရောက်ပါတီထောင်လိုက်ပါ။ ယုံကြည်လက်ခံသူတွေရှင်းရှင်းလင်းလင်း ထောက်ခံကြပါလိမ့်မယ်။ မဲပေးပါလိမ့်မယ်။ ရွေးကောက်ပွဲအနိုင်ရရင် အစိုးရဖွဲ့။ နောက် ဒေါ်စုကိုထောက်ခံသူတွေ။ ဒေါ်စုက nld […]