Yin Nyine NwayJune 4, 20121min25119
ကီးဘုတ်ပေါ် အိပ်ရဖန်များတော့ အလုပ်ရှင်ဆရာကလည်း တရက်တရက်မကြည်လာတော့ပါဘူး ဒါနဲ့ပဲ တောင်ကြီးက သူငယ်ချင်းတွေနဲ့ဆက်သွယ် သူတို့နေတဲ့နေရာကို ပြေးရတော့တာပါပဲ အရင်ဆုံးနေခဲ့တာကတော့ ကျောက်မြောင်းက ဘယသုဒ္ဒိလမ်းမှာပါ 5လွာဖြစ်ပြီး နွေရာသီနဲ့ မိုးရာသီကူးအပြောင်းမှာရောက်ခဲ့ပါတယ် 6လစာ ဌားဖို့ 1လစာပွစြားနဲ့စပေါ်တင်ရပါတယ် ပေးရတာက 7လစာ နေရတော့ 6လ မိးပျက်လည်းထိပ်ဆုံးက ရေမရတာလဲ ထိပ်က တရက်တရက်ရေရှူရတာကလဲ အမော ရေရှူရင် တယောက်က အောက်ကနေ မော်တာရေဖြည့် ကြိုးလေးဆွဲပေး အပေါ်တယောက်က မီးကို ဖွင့ပိတ်လုပ်ရပါတယ် ဒီလိုနဲ့ မော်တာလည်တာနဲ့ အပေါ်တက် ရေကျမကျကြည့် မေ့ပြီးထားခဲ့လို့ကတော့ မော်တာ ရပ်သွားပြီး ကွိုင်လောင်တာပြင်တာနဲ့ အသစ်လဲတာနဲ့မကိုက် တခါတခါ မီးမလာတာ ရက်ဆက်နေတာနဲ့ပဲ ရေသန့်နဲ့ရေဝယ်ချိုးရတဲ့အထိပါဖြစ်ခဲ့ပါတယ် ဒီလောက်ဆို 1လ 18000လောက်ကျတဲ့အပြင်အပိုကုန်တာလေးပါ မီတာခ နဲ့ရေဖိုး ကလဲရှိပြန်သေး အမှိုက်ကလ […]


Yin Nyine NwayJune 2, 20121min26522
တောင်ကြီးဆိုတဲ့ နယ်မြိုကလေးဟာ ချစ်စရာတော့ကောင်းပါတယ်( သူဌေးတွေအတွက်) ကိုယ်ပိုင်စီးပွါးရေးနဲ့ ရရစားစား ဒီပတ်ဝန်းကျင်မှာ ပဲ လုံးချာလိုက်ဖို့ဆိုရင်တော့ ကောင်းပြီး ဘဝတက်လမ်းအတွက်လုပ်ဖို့ကျတော့ ဘာမှမရှိပါဘူး ပညာထပ်သင်ဖို့ ဒီထက်မက လေ့လာထို့ ရန်ကု်ဆိုတဲ့ ရွေမြို့တော်ကြီးကို လာရပါတော့တယ် ဒီမြို့နဲ့ ဒီမြို့ လာမယ်သွားမယ်ဆိုတာ ပြောရလွယ်ပေမဲ့ နေရေးထိုင်ရေးမှာ စပြီး အခက်တွေကလာပါတယ် ဘယ်မှာနေမယ် ဘယ်မှာစားမယ် ဘယ်လိုသွားမယ် ဘယ်လို သင်တန်းတက်မယ်ဆိုတာ ဘာမှ မသိပဲ သင်ချင်တဲ့စိတ်တခု ကြိုးစားချင်တဲ့စိတ်လေးတခုနဲ့ ရန်ကုန်ကို ခြေစုံမိတ်ပြီး ရောက်လာပါတယ် အိမ်မှာ အကိုတယောက်က တနှစ်တခါ ရာထူးဝငင်သင်တန်း လာဖြေတိုင်း ကမ္ဘာဇ ဓမ္မာရုံမှာတည်းတယ်ဆိုတာလောက်သာကြားဖူးပြီး ဘယ်မှာရှိလဲဆိုတာတောင် မသိဘဲ ရောက်လာခဲ့ပါတယ် အောင်မင်္ဂလာ ကားကွင်းရောက်တော့ ကားဂိတ်ကနေ အလုံ အထိ ကားကြုံ သာလိုက်လာတယ် ဘယ်ကနေ […]