natureFebruary 8, 20121min47032
ဒီပိုစ့်ကလေးရဲ့ ရည်ရွယ်ချက် …..မိန်ကလေးမျာ း ကာယိနြေ႖ထိပါးခံရမှုမှ ကာကွယ်ရန် လုပ်ဆောင်ချက် …..ဝီစီမှုတ်၍ အချက်ပေးခြင်း ၊ ရလာဒ် ……..??? ရည်ရွယ်ချက်ကောင်းပါသည်။ ထိုလုပ်ငန်းစဉ် အကောင်အထည်ပေါ်ရန် ကားစီးသောမိန်းကလေးတိုင်းဝီစီ ဆောင်ထားရပါမည်။ ထိပါးလာပါက ဝီစီမှုတ်ရဲပါ့မလား။  ဝီစီမှုတ်ပါက အမျိုးသမီး၏ ပတ်ဝန်းကျင်တွင် ၃ ၊ ၄ ယောက် ရှိသော် မည်သူ့ကိုတီးရပါမည်နည်း ။  ဝီစီမှုတ်သောအခါ ဘေးမှ ဝိုင်းတီးကြပါမည်လော ကိုယ်နှင့်မဆိုင်သလိုမျိုး နေမည်လော။ ဝိုင်းတီးပါက ဝိုင်းတီးသောသူများသည် ရာဇဝတ်မှုမြောက်ပါသည်။ ကိုဆန်နီလည်း လာစော်ကားတဲ့ အမူးသမားကို ရိုက်မိလို့ ရဲစခန်းရောက်ဖူးတယ်လို့ ပြောဖူးပါတယ် ။ အမျိုးသားများဖက်ကတွက်လျှင် ကိုယ်နှင့်ရန်ငြိုးရှိသော အမျိုးသမီး ကိုယ့်အနားကပ်ပြီး ဝီစီမှုတ်သော်မခက်လော။ ရည်ရွယ်ချက်ကောင်းသော်လည်းဖြေရှင်းသော နည်းလမ်းတွင်အားနည်းမှုများစွာ ရှိနေသည်ဟုထင်မိပါသည်။ ထိရောက်စွာ ဖြေရှင်းနည်းကို အနည်းငယ်အကြံပေးလိုပါသည်။ […]