နွယ်ပင်September 9, 20101min1498
သတိရခြင်း သတိရတယ်ဆိုတာခင်မင် ကြတဲ့သူအချင်းချင်း ၊ သံယောဇဉ်ရှိကြတဲ့သူ အချင်းချင်း၊ ချစ်ကြတဲ့အချင်းချင်း၊ ခံစားရတဲ့ ခေါင်းစဉ်တစ်ခုပေါ့ ။ သတိရခြင်းမှာ ဖြူစင်တာတွေ ရှိတယ်။ ရိုးသားတာတွေရှိတယ်၊ သန့်စင်မှုတွေရှိတယ်၊ ဒီလိုပဲ အစာမကြမှု၊ အခဲမကြေမှု၊ မရိုးသားမှုတွေကလည်းရှိတယ်။ တစ်ယောက်ကိုသတိရနေတာဟာ အဲဒီ့လူတစ်ယောက် ကိုယ့်စိတ်ထဲမှာရှိနေလို့ပဲပေါ့…။ တမ်းတခြင်း တမ်းတခြင်းဆိုတာ သတိရခြင်းလောက်မဖြူစင်ဘူး ၊ တစ်ယောက်ယောက်ရဲ့ အပြုမူတွေ၊ အပြောအဆိုတွေကို အမှတ်ရနေတာတမ်းတနေတာပေါ့၊ တမ်းတခြင်းကလည်း ခံစား ရတဲ့ လူတစ်ယောက်အတွက် ဝေဒနာတစ်ခုပါပဲ။ တမ်းတမိတဲ့စိတ်က အချိန်နဲ့အမျှ မဟုတ်ပေမဲ့ အချိန်ရတိုင်းတမ်းတမိ နေတတ်တယ်။ လွမ်းဆွတ်ခြင်း ဒီဝေဒနာက ခေါင်းစဉ်သုံးခုထဲမှာ အဆိုးဆုံးပါပဲ ။ အလွမ်းဆိုတာ အချစ်ကိုသိရှိတဲ့သူတိုင်းခံစားမိတဲ့အရာပါ ။ လွမ်းဆွတ်ခြင်းမှာ အရာအားလုံးထက်ပိုတဲ့ ခံစားချက်တွေပါတယ် ။ လွမ်းတယ်ဆိုတာမလွယ်ပါဘူး ၊ ရင်ထဲမှာ […]