အခုတလော ယူကျုကနေ သီချင်းအဟောင်းလေးတွေ ဒေါင်းလုတ် လုပ်နေမိတယ်။ သီချင်းအဟောင်းတွေကော ဗားရှင်းအသစ်တွေကောပေါ့။ အဲသည်လို ရှာရင်း ရတနာမြေ ဆိုတဲ့ သီချင်းလေးကို ကြယ်ကလေးတွေရဲ့ မိုးကောင်းကင် ကလေးသီဆိုပြိုင်ပွဲက ဆုရကလေးတွေ ဆိုထားတဲ့ သီချင်းလေးကို တွေ့မိလိုက်တယ်။   သီချင်းလေး အဓိပ္ပာယ်ကောင်းလိုက်တာ တေးရေးဆရာအောင်နိုင်စန်း ရေးသားထားတာပါ။ အရင်ကနားထောင်ဖူးပေမယ့် ဗားရှင်းအသစ်လေးရယ် ကလေးတွေရဲ့ သီဆိုအားကောင်းမှုရယ် သီချင်းလေး နားထောင် အသည်းတွေကွဲမိပြန်ပါရော။   ရတနာမြေဆိုတဲ့ သီချင်းလေးကအတိုင်း ကိုယ့်နိုင်ငံကြီးဟာ အဲ့လိုမဟုတ်တော့ဘူးဆိုတာ တွေးရင်း တွေးရင်း……..။   https://www.youtube.com/watch?v=ch64KCBfI9A   လေးစားစွာဖြင့် အောင်မိုးသူ