mamanoyarJuly 4, 20121min16316
နိုရာတို့ ကျောင်းတက်ချိန်တုန်းက အဖြစ်အပျက်လေး တစ်ခုကို သတိရလို့ ရေးမိလိုု်က်တာပါ။ တစ်ပတ်တစ်ခါ ရထားစီးပြီး ရွာပြန်ကြရပါတယ်။ မိုးတွေအရမ်းရွာတဲ့ လဆိုရင်ဖြင့် တောင်တွေပြိုတာမျိုးဖြစ်လို့ ရထား တစ်လလောက် မကူးနိုင်ပဲ ဖြစ်တာမျိုးတွေလည်း ရှိပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ကျောင်းသားလေးများ ခြေလျှင်ပြန်ကြရပါတယ်။ ဒီကြားထဲမှာ ရထားပြင်ဖို့ လမ်းပြင်ဖို့ ရထားစက်ခေါင်း နဲ့ ပလက်တွဲတစ်တွဲလောက် အလုပ်သမားရထားဆိုပြီး ထွက်တတ်ပါတယ်။ ခရီးသည်တင်တာမျိုးမဟုတ်ပဲ လမ်းပြင်သွားတဲ့ရထားပါ။ ဒါပေမယ့် သူတို့တွေက သဘောကောင်းကြတော့ သနားစရာကျောင်းသားလေးတွေကို တင်ခေါ်သွားတတ်ပါတယ်။ တစ်ခါက နိုရာတို့ ကျောင်းသား ဆယ်ယောက်ကျော်ကျော် လောက်ရှိပါတယ် သီတင်းကျွတ်ကျောင်းပိတ်ရက် ရွာပြန် ကြမှာပါ။ အဲဒီအချိန်မှာပဲ ရထားခေါင်းတွဲနဲ့ အမိုးမပါတဲ့ ပက်လက်တွဲ တစ်တွဲကို ရထားခေါင်းရဲ့နောက်မှာမဟုတ်ပဲ ရှေ့မှာ ထားပါတယ်။ အဲဒီပက်လက်တွဲလေးပေါ်မှာ ကျမတို့တစ်တွေ လိုက်ကြရပါတယ်။ ရထားမောင်းတဲ့သူတွေ […]