natureJanuary 7, 20121min17314
၂၀၁၁ ခုနှစ်က ရထားမှောက်လို့ လူတွေသေခဲ့ကြတာကိုမှတ်မိကြမယ်ထင်ပါတယ်။ ဒါဟာရထားသံလမ်းတွေရဲ့ကြံ့ခိုင်မှု အားနည်းနေတယ်လို့ယူဆမိပါတယ်။ တနေ့က ကျွန်တော်လည်း ဒညင်းကုန်းဘူတာကို ရောက်ချိန်မှာ အမှတ်တမဲ့နဲ့ တွေ့ရှိလိုက်ရတာကတော့ လူစည်ကားချိန် မှာ ရထားတွဲမှာလူတွေအပြည့်နဲ့ ဒညင်းကုန်းဘူတာကို ဝင်လာချိန်မှာ ရထားသံလမ်းကဇလီဖားတုံးတွေဟာ အနည်းငယ်ကြွတက်လာတာကိုတွေ့ရပါတယ်။ ဒါကြောင့်ဒါတွေဟာအန္တရာယ်ရှိနိုင်မလားလို့တွေးမိပါတယ်။ ဒါကြောင့်ရထားစီးခရီးသည်များ အန္တရာယ်ကင်းရှင်းရေးအတွက် မိုးရာသီမရောက်မီ ရထားလမ်းများကြံ့ခိုင်မှုကိုစစ်ဆေးသင့်တယ်လို့ယူဆပါတယ်။ အထူးသဖြင့် ရေဝပ်တတ်တဲ့ နေရာတွေ အစိုဓါက်ရှိတဲနေရာတွေမှာ ရှိတဲ့ ဇလီဖားတုံးတွေရဲ့ကြံ့ခိုင်မှုကို အထူးစစ်ဆေးဖို့လိုမယ်ထင်ပါတယ်။   https://myanmargazette.net/90448/creative-writing