cobraAugust 27, 20101min969
သရုပ်ဆောင် ပန်းဖြူက ဧရာဟင်္သာ ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ ဇော်ဝင်းရှိန်ကို ကာမ လိမ်လည်မှုဖြင့် စွဲဆိုထားတဲ့ အမှုကို ရန်ကုန်တိုင်း တရားရုံးက ဩဂုတ်လ (၂၆) ရက်နေ့မှာ ပလပ်လိုက်တယ်လို့ သိရပါတယ်။ ပန်းဖြူရဲ့ ရှေ့နေ ဦးယုတင်က ရက် (၄၀)၊ (၅၀) လောက် အတွင်းမှာ ယောက်ျား တယောက်ကို သိပြီးတော့ ကာမပေးတယ် ဆိုတာ၊ (၄၊ ၅) နှစ်လောက် ကြာအောင် လိမ်လည်ခံရတယ် ဆိုတာတွေဟာ ယုတ္တိမရှိ ဘူးဆိုပြီး တိုင်းတရားရုံးက ပလပ်ခဲ့တယ်လို့ ပြောပါတယ်။ ပန်းဖြူကတော့ ဒီအမှုကို ဗဟိုတရားရုံးချုပ်သို့ ဆက်လက် လျှောက်ထားမယ်လို့ ဆိုပါတယ်။