နွယ်ပင်December 20, 20101min892
ရန်ကုန်မြို့ မြောက်ဥက္ကလာပ ၆ ကွေ မှတ်တိုင်မှာ လိုင်းကားတ စီးပေါ်က တပ်မတော်ကို စည်းရုံးတဲ့စာတွေ ကြဲချသွားတယ်လို့ သိရှိရပါတယ်။ စာထဲမှာပါဝင်တဲ့ အကြောင်းအရာတွေကတော့ “စစ်သည်တော်အပေါင်းတို့ တိုင်းရင်းသားပြည်သူများအပေါ် အနိုင်ကျင့်ကျူးကျော်သော ထိုးစစ်များကို စွန့်ခွာခဲ့ပါ။ စစ်အာ ဏာရှင် စစ်ကျွန်မှ ပြည်သူ့စစ်သည်တော်အဖြစ် ဘက်ပြောင်း ခိုလှုံကြပါ” စတဲ့ စာသားများပါဝင်ပါတယ်။ စာတွေကို တွေ့တဲ့ အနီးအနားက လူတွေက ကောက်ဖတ်ကြပါတယ်။ နောက်ပိုင်း ရဲ တပ်ဖွဲ့ဝင်တွေပါ ကောက်ဖတ်နေကြတယ်လို့ တွေ့ရှိသူတဦးက ပြောပြပါတယ်။ စာကိုဖတ်တဲ့ လူတချို့ကတော့ ဒီလိုစာတွေဖြန့်တာ ကောင်တယ်၊ ဒါမှ သူတို့တွေ အမြင် မှန်ရလာကြမယ် စတဲ့ မှတ်ချက်တွေကိုလည်း ပြောနေကြတယ်လို့ သိရှိရပါတယ်။ နအဖဟာ ၂၀၁ဝ ရွေကောက်ပွဲပြီးနောက်ပိုင်း နယ်ခြားစောင့်လုပ်ခိုင်းလို့မရတဲ့ အပစ် ရပ်အဖွဲ့တွေရဲ့ […]