etoneNovember 1, 20101min977
ရန်ကုန်မြို့အတွင်း အဆင်မခြင်မောင်းနှင်ခြင်းကြောင့်လည်းကောင်း၊ ရုံးသွားရုံးပြန်ချိန်ဖြစ်ခြင်းကြောင့်လည်းကောင်း ဖြစ်ပေါ်နေသော ယာဉ်လိုင်းကြပ်ခြင်းကားပိတ်ဆို့ခြင်းများကို အဆင်ပြေစေရန်အတွက် ဗဟိုထိန်းချုပ်ဌာနမှ Red – Light   Running System အသုံးပြု၍ ထိန်းချုပ်နိုင်တော့မည်ဖြစ်ကြောင်းသိရသည် ။ ရန်ကုန်မြိုကတွင် မီးပွိုင့်ပေါင်း တစ်ရာကျော်ရှိသည့်အနက် ယဉ်ပိတ်ဆို့မှူများသော မီးပွိုင့် ၃၆ခုခန့်အား network များဖြင့်ချိတ်ဆက်ကာ အင်တာနက်မှတဆင့် အဆိုပါစနစ်အသုံးပြု၍ထိန်းချုပ်သွားနိုင်မည်ဖြစ်ကြောင်းသတင်းရရှိသည်။ ယာဉ်စည်းကမ်း  ထိန်းသိမ်းရေးကြီးကြပ်မှု  ကော်မတီ  ရန်ကုန်   တိုင်းနဲ့  ပူးပေါင်းပြီး company ကြီးသုံးခုက အဆိုပါစနစ်တပ်ဆင်ခြင်းလုပ်ငန်းကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။