လောကနတ်အနုပညာပြခန်း (သို့) ဆိုဖဲရ်အဆောက်အအုံ   ပန်းဆိုးတန်းလမ်းမကြီးဟာ ရန်ကုန်ရဲ့  ရှေးဟောင်းအမွေအနှစ်အဆောက်အအုံတွေ ရှိတဲ့လမ်းဆိုလည်းမမှားပါဘူး။ ပန်းဆိုးတန်းလမ်းမကြီးပေါ်က လောကနတ်အနုပညာ ပြခန်းရှိတဲ့ အဆောက်အဦးကြီးကိုတော့သိမှာပါ။ အဲသည်အဆောက်အဦးရဲ့ မြေညီထပ် မှာတော့ အစိုးရက ဝင်းသူဇာဆိုင်ဖွင့်လှစ်ထားပြီး အလယ်ထပ်မှာတော့ မိသားစု အတော်များများနေထိုင်ပြီး အပေါ်ဆုံးထပ်မှာတော့ လောကနတ်အနုပညာပြခန်း  ရှိပါတယ်။ ၁၉၀၆ခုနှစ်ကတည်းက အဆောက်အအုံကြီးဖြစ်ပြီး။ ပထမဆုံးပိုင်ရှင်တွေကတော့ ဂျူ းလူမျိုး ကုန်သည်မိသားစု ဖြစ်ပါတယ်။ ဆိုဖဲရ်မိသားစုလို့လည်းခေါ်ပါတယ်။  နာမည်ကျော် စီးပွားရေးလုပ်ငန်းတွေ ဖွင့်လှစ်ခဲ့တဲ့နေရာတစ်ခုပါ။ ၁၉၇၁ခုနှစ်မှာ ပထမဆုံးခေတ်ပြိုင် အနုပညာပြခန်းအဖြစ် လောကနတ်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဝင်ဝင်ချင်းမြေညီထပ်မှာ သတိထားမိတာ ခင်းထားတဲ့ကျောက်ပြားတွေပါ။ ရှေးဟောင်းဖြစ်တဲ့အတွက် တစ်မူထူးခြားနေပါတယ်။ နောက်ထပ်ထူးခြားတာတစ်ခုက ဆိုဖဲရ်အဆောက်အဦးမှာ ခင်ထားတဲ့ ကြွေပြားတွေဟာ အဲသည်အဆောက်အဦးတစ်ခုတည်းအတွက်သာ  စက်ရုံမှာအော်ဒါမှာထားတာဖြစ်ပြီး အဲသည်အဆောက်အဦးကလွဲလို့ ဘယ်မှာမှ မရှိတဲ့ကြွေပြားတွေပါပဲ။ ဝင်းသူဇာဆိုင်စတင်ဖွင့်ခြင်းမှာ ပြင်ဆင်တဲ့အနေနဲ့ […]


ဧရာဝတီဘဏ် (ယခု) ရိုးလ်ကုန်တိုက် (ယခင်) ခန့်ညားတဲ့ မြို့ တော်ခန်းမကြီးရဲ့ ယာဘက်တစ်ဖက်တစ်ချက်မှာ လှပတဲ့ ဗိသုကာ အဆောက်အဦးအကြီးတစ်ခုကိုတွေ့ ရမှာပါ။ ယခုမြင်တွေ့ရမှာတော့ အဲသည်အဆောက်ဦးကို အဝါခပ်နုနုနဲ့ ဆင်စွယ်ရောင်ကို ခွဲခြားကာ ခန့်ညာစွာ ဆေးသုတ်ထားတာ တွေ့မြင်ရပါလိမ့်မယ်။ အခုအခါမှာတော့ အဲသည်ခန့်ညားတဲ့ ဗိသုကာအဆောက်အဦးကြီးဟာ ဧရာဝတီဘဏ်အဖြစ် တည်ရှိနေပါတယ်။ အဲသည်ခန့်ညားတဲ့အဆောက်အဦးဟာ ၁၉၀၈ခုနှစ်စတင်တည်ဆောက်ခဲ့ပြီး ၁၉၅ဝခုနှစ်မှာ ရိုးလ်ကုန်တိုက်အဖြစ် စတင်တည်ရှိခဲ့တာပါ။ ရိုးလ်ကုန်တိုက်ဟာ ပြည်တွင်းမှာသာမကပဲ အရှေ့တောင်အာရှ တစ်ဝမ်းမှာ အလွန်နာမည်ကျော်ကြားတဲ့ ကုန်တိုက်တစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ်။ ရိုးလ်ကုန်တိုင်မှာမှ USA Made စစ်စစ်ရတာမျိုး။ ရိုးလ်ကုန်တိုက်က ပစ္စည်းကမှ အရည်အသွေးကောင်းတာကအစ အလွန်နာမည်ကျော်ကြားတာမို့ အခြားနိုင်ငံက လူများဟာ မြန်မာနိုင်ငံလာပြီး ဈေးဝယ်ထွက်ကြတယ်လို့ ဆိုပါတယ်။ ရိုးလ်ကုန်တိုက်ရဲ့ အရှိန်အဝါဟာ ဘယ်လောက်ကြီးမားသလဲဆို လူတစ်ယောက်ဟာ ရိုးလ်ကုန်တိုက် […]


ရန်ကုန်မြို့ ရဲ့ အမွေအနှစ်တွေအကြောင်းပြောမယ်ဆိုရင်တော့ မြို ့တော်ခန်းမကြီးနဲ့ သူရဲ့တစ်ဖက်က ဧရာဝတီဘဏ်(ယခု)တို့ အဆောက်အဦး နှစ်ခုဟာလည်း မပါမဖြစ်ပါ။ မြို့တော်ခန်းမဟာကြီးရဲ့ ယခင်က နေရာဟာ ဂျပန်တွေဆောက်ခဲ့တဲ့ ရုံးအသေးစားလေးတစ်ခုပါ။ ဗုံးဒဏ်ထိပြီး စစ်ပြီးကာလမှာ အင်္ဂလိပ်တွေဟာ ရန်ကုန်မြူနီစပယ်ရုံးခန်ဆောက်ဖို့ ကြံစည်ကြပါတယ်။ မြို့တော်ခန်းမ(ယခု)ရဲ့ ဗိသုကာပညာရှင်ဟာ မြန်မာနိုင်ငံသား စည်သူဦး  တင်ဖြစ်ပါတယ်။ စတင်တည်ဆောက်တဲ့အချိန်မှာ အင်္ဂလိပ်တွေဟာ အဆောက်အဦးကို သူတို့လက်ရာပုံစံတည်ဆောက်ချင်သလို စည်သူဦးတင်ဟာလည်း မြန်မာမှုပုံစံတည်ဆောက်ချင်ပါတယ်။ ဒီလိုနဲ့ မြို့ တော်ခန်းမ(ယခု)ရဲ့ လက်ရာဟာ မူလအနောက်တိုင်းဗိသုကာလက်ရာကို မြန်မာ့ဗိသုကာပညာရှင် စည်သူဦးတင်က ပုဂံလက်ရာ အပြောက်အမွှန်းများထည့်သွင်းကာတည်ဆောက်ခဲ့ပါတယ်။ ၁၉၂၅ ကနေ ၁၉၄ဝထိ ရန်ကုန်မြူနီစပယ်ရုံးအဖြစ်တည်ရှိခဲ့ပြီး ယခုအခါမှာတော့ ရန်ကုန်မြို့ တော်ခန်းမ အဖြစ်တည်ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနောက်ဆုံးမိန့်ခွန်းပြောကြားသွားတဲ့ နေရာတစ်ခုလည်း ဖြစ်ပါသတဲ့။ ယခုခေတ်မှာတော့ မြို့တော်ခန်းမရဲ့ အရောင်ဟာ နှစ်မျိုးပြောင်းခဲ့ပါတယ် […]


မဟာဗန္ဓုလပန်းခြံနဲ့ အဲ့သည်ရှေ့က ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် အဆောက်အဦးကြီးကိုတော့ သိကြမှာပေါ့။ မဟာဗန္ဓုလပန်းခြံရဲ့ မူလအမည်ကတော့ Fytche Square ဖြစ်ပါသတဲ့။ စတင်တည်ဆောက်ကတည်းက ပွဲတော်တွေ ၊ လူထုအစည်းအဝေးပွဲတွေကို အစဉ်အဆက် ကျင်းပခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ ၁၈၆ရကတည်းက တည်ရှိခဲ့ပြီး အဲသည်ကတည်းကတည်ဆောက်ခဲ့တယ် သံဝင်ပေါက် (လူဝင်ပေါက်)ကို ယာဘက်အစွန်ဆုံးမှာ ယနေ့ထိတိုင်တွေ့မြင်နိုင်ပါသေးပါတယ်။   မဟာဗန္ဓုလပန်းခြံကြီးဟာ Fytche Square ဆိုပြီးတည်ရှိခင်က လွတ်လပ်ကျောက်တိုင်းကြီးနေရာမှာ ဗစ်တိုးရီးယားဘုရင်မရုပ်တုကြီး ရှိခဲ့ပါတယ်။ ဗစ်တိုးရီးယားဘုရင်မရုပ်တုကြီး ထားတဲ့ရည်ရွယ်ချက်ကတော့ ပန်းခြံကြီးရဲ့ အရှေ့ဘက်မှာရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် (ယခု) အဆောက်အဦးကြီးနဲ့ သက်ဆိုင်ပါသတဲ့။   ၁၉၀၅ခုနှစ် ဗြိတိသျှလက်ထပ်က ဆောက်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်(ယခု) အဆောက်အဦးကြီးဟာ အဲသည်ခေတ်တုန်းကလည်း (၁၉၀၅ ကနေ ၁၉၁၁) အထိ တရားလွှတ်တော်အဖြစ် အသုံးပြုခဲ့ကြပါတယ်။ ကိုလိုနီတွေဟာ သူတို့အင်ပါယာပါဝါ […]