who whoOctober 6, 20111min1925
နောက်ဆုံး ရန်သူကြီးတစ်ပါးကတော့ “မချစ်မနှစ်သက်သောသူ” ဆိုတာပါပဲ ။ “မချစ် မနှစ်သက်သောသူနှင့် ပေါင်းသင်းဆက်ဆံရခြင်း” သည် လူတိုင်းအတွက် ကြီးစွာသော ဆင်းရဲကို ဖြစ်စေတယ်မလား ။ “ချစ်သောသူ နှင့် ကွေကွင်း ရခြင်း” ကမှ စိတ်ထဲမှာဖြေတတ်ရင် ၊ နေတတ်ရင် တော်သေး တယ်လို့ ပြောရပါမယ် ။ ဒီမချစ်မနှစ်သက်သောသူကြီးနဲ့သာအမြဲ ပေါင်းသင်း ဆက်ဆံ နေရရင်တော့လည်း ဒုက္ခဆင်းရဲကြီးက လွတ်ဖို့ လမ်းမမြင်တော့ပါဘူးနော့ ။ ဒါပေမယ့်လေ ခုတော့ တို့မှာ ဒီ ဒုက္ခ ဆင်းရဲ ကြီးနဲ့ အမြဲ ပူးတွဲနေရပါတယ်နော် ။ ဘာလို့လဲဆိုတော့ ခန္ဓာ ရထားတာကိုး ။ ဒီခန္ဓာကို ရထားလေတော့ ဇာတိဖြစ်လာသမျှကတော့ အိုရမယ် ၊ နာရမယ် ၊ […]


who whoOctober 5, 20111min785
ဒီနေ့တော့ စတုတ္ထမြောက် ရန်သူဖြစ်တဲ့ “ခိုးသူ” နဲ့ မိတ်ဆက်ချင်ပါတယ် ။ လူ့ဘဝကြီးမှာက အပူမျိုးစုံ ပတ်လည်ဝိုင်းနေတယ်နော် ။ မရှိတော့လည်း မရှိလို့ ပူရတယ် ။ ရှိပြန်တော့လည်း ရှိလို့ပူရပြန်တယ် ။ တစ်နေ့ တစ်နေ့ ဥစ္စာ ပစ္စည်း တွေအတွက် မရှိတာ ကို ရှိဖို့ကြိုးစားရတယ် ။ ရှိပြန်တော့လည်း အေးအေးမနေရဘူး ။ ရှိစုမဲ့စုလေးများ တစ်စုံတစ်ယောက် ခိုးယူသွားခဲ့ သည်ရှိသော် ဘယ်နှယ့်လုပ်ပါ့ မလဲရယ်လို့ တွေးပြီး မအိပ်နိုင် တွေဖြစ်ရပြန်တယ် ။ ဒါကြောင့်မို့ပဲ ဒီသူခိုးသည်ပင် ရန်သူ တစ်ပါးအနေနဲ့ ကြောက်ရမယ့်ထဲ ပါနေပါတယ်နော် ။ ခုပြောချင်တဲ့ “ခိုးသူ” ကိုတော့ ကြောက်ရကောင်းမှန်း သိချင်မှ သိကြမယ်နော် ။ ပြောသာပြောရတယ်။ […]


who whoOctober 3, 20111min1153
“ဝေါ….ဝေါ…..တီတီ…ဝေါ…” နားထဲကိုဆူညံသောအသံတွေ တရစပ် ဝင်တိုက်နေကြပါပြီ။ ဘာသံများဖြစ်မလဲ?။ စဉ်းစားကြည့်ပါဦး။ ထုံးစံအတိုင်း…ကြားရသူတိုင်းကို အထိတ်တလန့် ဖြစ်စေသောအသံ။ မီးသတ်ကားသံပဲပေါ့။ “ ဒိတ်” ခနဲ ရင်ထဲမှာ ကြားလျှင်ကြားချင်း ဆိုသလိုပါပဲ auto နှလုံးအိမ်မှာ ထတ်လန့်မှု ဝေဒနာလေး တန်းပေါ်လာပါတယ် ။ အင်းဒီ့နောက်တော့ ဘာပြောကောင်းမလဲ။ အပေါ်ဆုံးထပ်ကို ပြေးတက်ရတဲ့ ကာယကံတွေ ဆက်ဖြစ်ရပြီလေ ။ ဟောမြင်ရပါပြီ ။ သိပ် မဝေးလှတဲ့ နေရာလေးက မီးခိုးလုံးတွေ တက်လာတာကို အပေါ်စီးကနေ ထင်းနေအောင်တွေ့ရပြန်ပြီ။ တစ်ချိန်တည်းလည်း မီးသတ်ကားသံတွေနဲ့ တရစပ် ဆူညံလို့ပေါ့ ။ ဪ “အားလုံးသတ္တဝါတွေ ကျန်းမာကြပါစေ ၊ ချမ်းသာကြပါစေ” လို့သာတရစပ် စိတ်ထဲက မေတ္တာတွေ ဖြန်းပက် နေမိပါတယ် ။ ဪ […]


who whoOctober 2, 20111min563
မိုးတွေက အရှိန်ကောင်းစွာ ရွာနေဆဲ….။ လမ်းပေါ်မှာ စီးနေတဲ့ ရေသံက တဝေါဝေါ….။ ဂျာနယ်ကို ကောက်ကိုင်လိုက်တော့ ရေကြီးနေတဲ့ သတင်းဓါတ်ပုံတွေကို မျက်နှာဖုံးမှာ တန်းတွေ့ရပြန်တယ်။ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး ၊ ချင်းတွင်းဒေသများနှင့် ပဲခူးမြို့ပါမကျန် နေရာတော်တော်များများ မြန်မာ တစ်နိုင်ငံလုံးနီးပါး မှာ ရေကြီးနေပြီဆိုတဲ့ သတင်းတွေကို မှတ်တမ်းဓါတ်ပုံတွေနဲ့တကွ တွေ့လိုက်ရတယ်။ မြင်ရတဲ့ မြင်ကွင်းနဲ့ ကြားရတဲ့ သတင်းတွေက မေ့နေပြီဖြစ်တဲ့ အချစ်တော်ရန်သူငါးယောက်ကို ဖြတ်ခနဲ သတိရသွားစေပါတယ်။ ခေါင်းထဲမှာ ဆက်စပ်အတွေးတို့က အစဉ်တန်းလို့ ထွက်ကျလာပါပြီ။ ဒီနေ့တော့ဖြင့် ရန်သူမျိုးငါးပါးထဲက “ရေရန်သူကြီး” အကြောင်းဖောက်သည်ချရပါ တော့မည်။ လူရယ်လို့ ဖြစ်လာပြီဆိုရင် ကြောက်ရမယ့် ဘေးတွေထဲမှာ ရန်သူမျိုးငါးပါး ကတော့ အမာခံပါပဲ ။ “ရေ ၊ မီး ၊ […]