Wai Yan LattJanuary 7, 20131min1226
ကားကြပ်သည့် ပြဿနာနှင့် ရန်ကုန် —————————————-   ယနေ့ခေတ် ရန်ကုန်မြို့နေ မြို့သူ မြို့သား အပေါင်းတို့နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာ တစ်ခုကတော့ လမ်းတိုင်း မီးပွိုင့်တိုင်းတွင် ကားတွေကြပ်နေရခြင်းပဲဖြစ်ပါတယ်။  နေ့စဉ်ကြုံတွေ့နေရဆဲဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများမှလည်းဖြေရှင်းနိုင်ရန်လမ်းမမြင်ပါ။ အဘယ်ကြောင့်နည်း…။ စည်းကမ်းပျက်ယာဉ်များပေါများလာသည်မှာ မည်သူမျှမငြင်းနိုင်သည့်အချက်ပင်ဖြစ်၏။ ကားဈေးများထိုးကျလာခဲ့ပြီးနောက်ပိုင်းပိုမိုများပြားလာခဲ့ခြင်းဖြစ်သည်။ လမ်းတိုင်းရှိမီးပွိုင့်များတွင်ရှိသော မော်တော်ပီကယ်များမှာ အာပလာ ဂဂျောင်ဖတ်နေသောသူများရှိသလို သေသေချာချာ ယာဉ်ကျောရှင်းလင်းပေးသော မော်တော်ပီကယ် များလည်းရှိသည်။ ၁၀-၁၂-၂၀၁၂  ဓမ္မစေတီလမ်းပေါ်တွင် ပွိုင့်မိနေစဉ် ဆေးရုံကားတစ်စီး အရေးပေါ်အချက်ပေးပြီးလာ၏ ။ ကားများအလွန်ပင်ပိတ်ဆို့နေရာ အနည်းဆုံး ၃ဝမိနစ်လောက်ကြာမှ လူနာအတွက်အခွင့်အရေးရနိုင်ပေမည် ။ အော်…ရန်ကုန်မြို့ ဘဝ ဘဝ ….. အဓိက ပြည်သူပြည်သားများတောင်းတနေသော အချက်တခုရှိသည်။ မလိုအပ်ပဲ အချိန်နှောင့်နှေးမှုများဖြစ်ပေါ်စေသော ယာဉ်ကျောပိတ်ဆို့မှုများ ပပျောက်ကြစေလိုသည်မှာ ပြည်သူပြည်သားအားလုံးကပြောသော အမှန်တရားတခုသာဖြစ်ပေ၏ …. ။