ရွာသူရွာသားများအတွက် အပြင်းပြေပါ…. ….မဖြစ်နိုင်လို့ပါ…. “ငါ သေသွားခဲ့ရင် မင်း နောက်အိမ်ထောင် ပြုလိုက်ပါကွာ”  ဟု အလွန်တရာမှ ကြွယ်ဝချမ်းသာသော သူဌေးကြီးတစ်ဦးက ငယိရွယ်သေးသော သူ့ ဇနီးသည်လေအား တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်လေသည်။ “အို ဒီလို မပြောလိုက်ပါနဲ့ရှင်”(ဇနီးသည်) သူဌေးကြီးမှဆက်ပြီး..ငါ့အဝတ်အစားတွေ အကုန်လုံးကိုလည်း မင်းရဲ့ နောက်အိမ်ထောင်ကိုပေးလိုက်ပါ။မင်းတို့နှစ်ယောက်အပြင်ထွက်တဲ့အခါ မင်းရဲ့နောက်အိမ်ထောင်က သိပ်ကိုသားနားနေမှာပေါ့… ဇနီးသည်မှ “အို…အဲဒိလို မဟုတ်ပါဘူး။ပြီးတော့လုံးဝကို မဖြစ်နိုင်ပါဘူးရှင်..” သူဌေးကြီးက “ဟေ…ဘာလို့မဖြစ်နိုင်ရမှာလဲကွ” “ဘာဖြစ်လို့လဲဆိုတော့ ရှင်ဝတ်တဲ့ ဆိုဒ်နံပါတ်က ၄ဝ လေ သူဝတ်တာက ဆိုဒ် ၄၂ ရှင့်”… ….ကိုယ်ရေးကိုယ်တာ… “ဒီမှာ ကျွန်မနေနဲ့ ရှင့် ကိုယ်ရေးကိုတာတွေကိုလိုက်ပြီး စပ်စုနေတာတော့မဟုတ်ပါဘူး”..’ဒါပေမဲ့ ကျွန်မအဖို့တော့ စိတ်အနှောင်အယှက်ဖြစ်ရတယ်ရှင့်” “ဘာတွေလာပြောနေတာလဲ၊ပြောစမ်းပါအုံး…ငါကဘာတွေလုပ်နေလို့တုံး… “ရှင် တစ်နေ့က စာတစ်စောင် ရတယ်မဟုတ်လား၊အဲဒီစာက ရေမွေးနံ့ကို […]