etoneJuly 20, 20101min490
မြဲမြဲကိုင် စိတ်ရောဂါကုဆေးရုံကို ပြန်လည်ပြင်ဆင် မွမ်းမံနေသည်။ ဆေးသုတ်သမားသည် နံရံကို ဆေးသုတ်နေသည်။ လူနာတစ်ယောက်ရောက်လာကာ ၎င်းကိုမေးသည်။ “ ခင်ဗျား ဆေးသုတ်တံကို သေသေချာချာ ကိုင်ထားရဲ့လား” “ ကိုင်ထားပါတယ်” “ ဒီလိုဆိုရင် လှေခါးကို ဖြုတ်လိုက်တော့မယ်နော်” ချောလို ့ဟုတ်ဖူး “ရှင်တို့ရုံးက ယောက်ျားတွေ မှန်သမျှ နှစ်ရက်လုံးလုံး ကျွန်မဘက်ပဲ လှမ်းကြည့်နေကြတယ်ရှင့် ” “ဘာဖြစ်လို့လဲ” “တိုင်ကပ်နာရီချိတ်ထားတဲ့ အောက်က စားပွဲဆီ မနေ့က ပြောင်းထိုင်လိုက်လို့လေ” ဈေးလျှော ့ပါ ဖိနပ်ဆိုင်တွင် ကိုချူချာ ဖိနပ်စီးကြည့်နေသည် ၊ အရောင်းသမ ကို မေးသည်။ “ဈေးဘယ်လောက်လဲ ” “၄ဝ ပါ” “၃ဝ ပဲထားပါဗျာ ၊ နှစ်ဖက် စလုံးယူသွားမယ်” အမှားကောင်း အမေရိကန်သမ္မတ […]