etoneOctober 1, 20102min710
အချစ်ဇာတ်ခင်းခြင်း…… အမျိုးသမီးနှစ်ယောက်ဟာ ကောင်းကင်ဘုံရဲ့ တံခါးဂိတ်မှာ ဆုံကြသတဲ့…. ပထမအမျိုးသမီး။ ။ ရှင်ဘယ်လိုဖြစ်ပြီး သေခဲ့ရတာလဲ…? ဒုတိယအမျိုးသမီး။ ။ အေးခဲပြီး အအေးပတ်ပြီး သေခဲ့ရတာ…ဒါနဲ့ ရှင်ရော….? ပထမအမျိုးသမီး။ ။ နှလုံးသွေးကြော ရုတ်တရက်ပိတ်ပြီး သေခဲ့ရတာ… ကျွန်မယောက်ျားနောက်တစ်ယောက်နဲ့အချစ်ဇာတ်ခင်းတယ်ထင်လို့ တစ်အိမ်လုံးပတ်ပြေးပြီး အဲဒီမိန်းမကို လိုက်ရှာခဲ့တာ… အဲဒီမိန်းမကို ရှာမရတဲ့အဆုံး ခြေကုန်လက်ပန်းကျ ဖတ်ဖတ်မောပြီး နှလုံးသွေးကြောရပ်ပြီး သေခဲ့ရတာ… ဒုတိယအမျိုးသမီး။ ။ ရှင် ရေခဲသေတ္တာထဲကို ကြည့်သင့်တယ်…အဲဒီလိုဆိုရင် ကျွန်မတို့နှစ်ယောက်စလုံး ဆက်ပြီး အသက်ရှင်နေကြဦးမှာ… စစ်တက္ကသိုလ်တွင်….တာဝန်ခံဗိုလ်ကြီးက သွက်လက်ဖျတ်လတ်ပြီး ပါးနပ်ပုံရသော ဗိုလ်လောင်းကိုမေးခွန်းထုတ်လိုက်သည်… “မြန်မာ့ စစ်သူရဲကောင်းတွေထဲက မင်းလေးစားတဲ့သူရဲကောင်း..နာမည်တွေပြောပြပါ…” “ဟုတ်ကဲ့…မဟာဗန္ဓုလရယ်.၊ဗိုလ်ချုပ်အောင်ဆန်းရယ်…..အဲ ပြီးတော့ဒီက ဗိုလ်ကြီးနာမည်လေးသိပါရစေခင်ဗျ…” အကြံကောင်း… မိန်းကလေးတစ်ယောက်က သူ့သူငယ်ချင်းကိုမေးသည်.. “သူငယ်ချင်းရယ်..ငါလူနှစ်ယောက်ကြားမှာရွေးရခက်နေတယ်..၊တစ်ယောက်က ငါအခုတွဲနေတဲ့ ငါချစ်တဲ့လူ.၊.နောက်တစ်ယောက်က အိမ်ကပေးစားတဲ့အရမ်းချမ်းသာတဲ့လူ..ငါဘယ်သူ့ကိုရွေးရမလဲဟင်..?” […]