etoneOctober 5, 20101min370
>>>>နှစ်၂ဝပြည် ့>>>> အိမ်ထောင်သက်နှစ်၂ဝပြည့်အထိမ်းအမှတ်အဖြစ် ဧည့်ခံပွဲပြုလုပ်ပြီးနောက် ဇနီးသည်ကခင်ပွန်းဖြစ်သူအား မေး လေသည်။ ” လွန်ခဲ့တဲ့နှစ်၂ဝဖြစ်တဲ့ဒီလိုနေ့မှာ ကျွန်မတို့လက်ထပ်ခဲ့ကြတယ်နော် ” ” ဟုတ်တာပေါ့ ” ” အဲဒီနေ့တုန်းက ပျော်လိုက်တာ မင်္ဂလာပွဲလာတဲ့လူတွေလည်း အများကြီး ” ” အင်း… ဟုတ်တယ် ” ” အဲဒီနေ့ကိုဘယ်တေ့ာမှမမေ့ဘူး၊ ဝမ်းသာလွန်းလို့။ ရှင်ရော… ” ” ငါလည်းဘယ်တော့မှ မမေ့ပါဘူး ” ” ပျော်လွန်းလို့လား ” ” ငါ့ဘဝမှာ စိတ်ဆင်းရဲမှုစတင်ခဲ့တဲ့နေ့မို့လို့လေ။ ” >>>>>ပူဆွေးလိုက်ပုံက>>>> အမျိုးသားတစ်ဦးသည် ကွယ်လွန်သွားသောမိခင်၏ အုတ်ဂူပေါ်တွင် ပန်းအချို့တင်ကာ သူ့ကားရပ်ထားရာဆီသို့ ပြန်လျှောက်လာခဲ့သည်။ ထိုသို့လျှောက်လာရင်း အုတ်ဂူတစ်လုံးဘေးတွင် ဒူးထောက်နေသောအမျိုးသားတစ်ဦး ကိုသတိပြုမိလေသည်။ ထိုအမျိုးသားသည် သည်းလှိုက်အူလှိုက်ပူဆွေးနေသည့်ဟန်ရှိပြီး ပါးစပ်မှလည်း အောက် […]