etoneOctober 11, 20101min510
ဂျက်ရဲ့မိန်းမက အရမ်းကို သဝန်တိုတတ်ပါတယ်။ ဂျက်ကိုအမြဲသံသယ ဖြစ်တတ်ပါတယ်။ တစ်ရက်တော့ ဂျက်က အိမ်ပြန်နောက်ကျပါတယ်။ ဒါနဲ့ မိန်းမဖြစ်သူက ဂျက်ရဲ့ ကုတ်အကျႌကို အသည်းအသန်တောင်းပြီး မိန်းမဆံပင် တွေ့လိုတွေ့ငြား ရှာပါတော့တယ်။ ဆံပင်ချည်တစ်မျှင်မှ … မတွေ့လို့ ဂျက်က စိတ်အေးသက်သာသွားချိန်မှာ သူ့မိန်းမက သဝန်တိုတတ်သူပီပီ ဒေါသတကြီး ဆိုလိုက်တာက “ရှင် ကျွန်မကွယ်ရာမှာ ကတုံးမတစ်ယောက်နဲ့ ဖောက်ပြန်နေတယ် မဟုတ်လား…” တဲ့။ သမိုင်းဆရာ – ၁၉၁၅ မှာ ဘာဖြစ်ခဲ့သလဲ။ ကျောင်းသား – ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားခဲ့ပါတယ်ဆရာ။ သမိုင်းဆရာ – ကောင်းပြီ၊ ၁၉၂ဝ မှာရော ဘာဖြစ်ခဲ့သလဲ။ ကျောင်းသား – ဗိုလ်ချုပ်အောင်ဆန်း အသက်(၅)နှစ် ပြည့်ပါတယ်ဆရာ။ စိတ်ကျန်းမာရေးဆေးရုံတွင်ဖြစ်သည်။ လူနာသုံးယောက် ခုတင်တစ်ခုတည်းတွင် ကျပ်ကျပ်တည်းတည်း […]


etoneOctober 8, 20102min590
ဒါမှ အမတ်အစစ် ရွေးကောက်ပွဲဝင်ပြိုင်ပြီးပြန်လာသော ယောက်ျားကိုမိ်န်းမက မေးလိုက်သည်။ မိန်းမ။ ။မောင်ရေ အခြေအနေဘယ်လိုလဲ။ ယောက်ျား။ ။ အခြေအနေကတော့ တော်တော်ကိုကောင်းနေပြီ။ မိန်းမ။ ။ ရှင်ညာတာတော့ မဟုတ်ပါဘူးနော်။ ယောက်ျား။ ။ ဟိုမှာ တနေကုန် ညာပြီးပြီပဲ ဘာညာစရာ လိုတော့လို့လဲကွ။ ပုဇွန်မျက်လုံးပြူးရခြင်းအကြောင်းရင်း ဆရာမ။ ။ ကလေးတို့ရေ။  ငါးဖယ်ဘာကြောင့် ပြားသလဲ သိကြလား။ ပီတာ။ ။ ဝေလငါးနဲ့အိပ်လို့ပါ။ ထိုအခါဆရာမက စိတ်ဆိုးပြီး ပီတာလေးကို အပြင်သို့ထွက်သွားခိုင်းလေသည်။ ထို့နောက် အတန်းကိုနောက်ထပ်မေးခွန်းတစ်ခု မေးလေသည်။ ဆရာမ။ ။ ကလေးတို့ရေ။ ပုဇွန်ဘာကြောင့်မျက်လုံးပြူးသလဲ။ အတန်းတံခါးဝမှ ပီတာလေးက ထပ်ဖြေလိုက်ပြန်သည်။ ပီတာ။ ။ ဝေလငါးနဲ့ငါးဖယ်နဲ့အိပ်တာကိုတွေ့သွားလို့ပါ။ ဒီညတော့ အိပ်ရတော့မယ် ခရီးသည်တင်လေယာဉ်တစ်စီးတွင် အလွန်ကို ထုံအလွန်းသော […]